စပါးနောက်ခံလူ ဝေါ်လ်ကာကို ခေါ်ယူရန် မန်စီးတီးနှင့်အပြိုင် ဘိုင်ယန်အသင်း ကြိုးပမ်းနေ

စပါးနောက်ခံလူ ဝေါ်လ်ကာကို ခေါ်ယူရန် မန်စီးတီးနှင့်အပြိုင် ဘိုင်ယန်အသင်း ကြိုးပမ်းနေ

ဇွန် ၁၈၊ အင်္ဂလန် ။             ။ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် စပါးနောက်ခံလူ ဝေါ်လ်ကာကို ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။ ဝေါ်လ်ကာကို မန်စီးတီးအသင်းက ပြီးခဲ့သည့်ရာသီမဆုံးခင်ကတည်းက ခေါ်ယူရန် အလိုရှိနေခြင်းကြောင့် ဘိုင်ယန်အသင်းမှာ မန်စီးတီးနှင့်အပြိုင် ကြိုးပမ်းရလျက်ရှိသည်။

ဘိုင်ယန်အသင်းသည် အနားယူသွားသည့် အသင်းခေါင်းဆောင်ဖိလစ်လမ်း၏ နေရာတွင် ဝေါ်လ်ကာနှင့် အစားထိုးလိုခြင်း ဖြစ်သည်။ ဝေါ်လ်ကာမှာ တစ်ပတ်လစာငွေ ပေါင်တစ်သိန်းခွဲခန့် အလိုရှိနေခြင်းကြောင့်လည်း ဘိုင်ယန်နည်းပြ အန်စလော့တီက အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားကို ခေါ်ယူနိုင်မည်ဟု ယုံကြည်နေသည်။

ဘိုင်ယန်အသင်းက ဝေါ်လ်ကာကို ခေါ်ယူရန်ကြိုးပမ်းလာသောသတင်းမှာ မန်စီးတီးနည်းပြဂွါဒီယိုလာအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။ မန်စီးတီးအသင်းသည် မိုနာကိုအသင်းမှ ဘယ်နောက်ခံကစားသမား မန်ဒီကို ခေါ်ယူရန် ကြိုးပမ်းမှုတွင်လည်း မိုနာကိုအသင်းဘက်က ပေါင်သန်း ၄၀ အထိ တိုးမြှင့်တောင်းဆိုခဲ့ခြင်းကြောင့် အခက်အခဲဖြစ်လျက်ရှိသည်။

ဝေါ်လ်ကာသည် ပြီးခဲ့သည့် မေလကတည်းက Thank You ဆိုသော စာလုံးထဲတွင် ၎င်း၏ရုပ်ပုံများပါဝင်သော ဓာတ်ပုံပို့စ်တစ်ခုကို အင်စတာဂရမ်တွင် တင်ခဲ့သောကြောင့် အသင်းမှထွက်ခွာရန် သေချာသလောက်ရှိနေပြီဆိုသည့် သဘောဆောင်လျက်ရှိသည်။

ရည်ညွှန်း dailyexpress

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly