ဂျပန်ကမ်းရိုးတန်းအလွန်၌ တိုက်မိခဲ့သောဖျက်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသော အမေရိကန်သဘောင်္သားများ ၏ အလောင်းများကို ရှာဖွေတွေ့ရှိ

ဂျပန်ကမ်းရိုးတန်းအလွန်၌ တိုက်မိခဲ့သောဖျက်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသော အမေရိကန်သဘောင်္သားများ ၏ အလောင်းများကို ရှာဖွေတွေ့ရှိ

ယိုကိုဆူကာ (ဂျပန်) ဇွန် ၁၈ ။              ။ ဂျပန်ကမ်းရိုးတန်းအလွန်ပင်လယ်ပြင်တွင် စနေနေ့၌ ကုန်တင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သော အမေရိကန် ဖျက်သင်္ဘောပေါ်မှ ပျောက်ဆုံးနေသော သင်္ဘောသား ၇ဦး၏ အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ ကြောင်း အမေရိကန်ရေတပ်မှ တနင်္ဂနွေနေ့တွင် ပြောခဲ့သည်။

USS Fitzgerlad ဟုအမည်ပေးထားသည့် ဖျက်သင်္ဘောကြီးကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခဲ့သော အဆိုပါ မတော်တဆဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက်တွင် သဘောၤ၏ ညာဘက်ခြမ်းသည် ရုတ်တရက်ပြိုကျသွားခဲ့ပြီး သဘောၤအိပ်စင်ထားရာ နေရာများနှင့် ရေဒီယိုအခန်းတို့ကို ရေဖုံးလွှမ်းသွားခဲ့ကာ သင်္ဘောသား ၇ဦးသည် ၂၄နာရီကျော်ကြာ ပျောက်ဆုံးနေခဲ့သည်။

“ကုန်တင်သင်္ဘောနဲ့ USS Fitzgerlad ဖျက်သင်္ဘောတို့ တိုက်မိမှုကြောင့် ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောသားများ ရဲ့ အလောင်းများကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်” ဟု ယိုကိုဆူကာရှိ အမေရိကန် ရေတပ်သင်္ဘောစု ဌာနချုပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။

“တိုက်မိမှုကြောင့် ပျက်စီးသွားတဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေရေးတွေ လုပ်ဆောင်ဖို့ အခွင့်သာ တဲ့အချိန်မှာ ပျောက်ဆုံးနေတဲ့ သင်္ဘောသားများကို ရေမြုပ်နေတဲ့ သင်္ဘောအိပ်စင်အခန်းထဲမှာ ရှာတွေ့ခဲ့ပါတယ် သူတို့ကို ယိုကိုဆူကာမြို့မှာရှိတဲ့ ရေတပ်ဆေးရုံကိုပို့ဆောင်ထားပြီး မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ် သွားမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“သေဆုံးသူများ၏ မိသားစုများကို အကြောင်းကြားထားပြီး အခုလိုခက်ခဲနေတဲ့ကာလမှာ သူတို့လိုအပ်တဲ့ အကူအညီမှန်သမျှကို ထောက်ပံ့သွားမှာဖြစ်ပါတယ်” ဟု အမေရိကန်ရေတပ်မှ ပြောခဲ့သည်။

“ အချက်အလက်တွေ အားလုံးပြည့်စုံတာနဲ့ သေဆုံးသွားတဲ့ သင်္ဘောသားတွေရဲ့ အမည်တွေကို ထုတ်ပြန်သွား မှာဖြစ်ပါတယ်” ဟု ရေတပ်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ဂျိုးဆက်အော်ကွိုင်းသည် တနင်္ဂနွေနေ့တွင် တိုကျိုမြို့ အနောက်တောင်ပိုင်းရှိ ယိုကိုဆူကာမြို့အခြေစိုက် အမေရိကန်ရေတပ်သင်္ဘောစု ဌာချုပ်တွင် မီဒီယာများနှင့် တွေ့ဆုံ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required