ချီလီတွင် မုန်တိုင်းပြင်းထန်စွာတိုက်ခတ်၍ လူလေးဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများပြား

ချီလီတွင် မုန်တိုင်းပြင်းထန်စွာတိုက်ခတ်၍ လူလေးဦးသေဆုံးပြီး ပျက်စီးဆုံးရှုံးမှုများပြား

ဆန်တီယာဂို (ချီလီ) ဇွန် ၁၈ ။          ။ ချီလီနိုင်ငံတွင် မုန်တိုင်းပြင်းထန်စွာ တိုက်ခတ်နေသောကြောင့် နေအိမ်များပြိုကျပျက်စီးခဲ့ပြီး လူလေးဦးခန့် သေဆုံးခဲ့ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမများကို ရေဖုံးလွှမ်းနေပြီး လူပေါင်း ၂သိန်းခွဲခန့်သည် လျှပ်စစ်ပြတ်တောက်မှုကို ကြုံတွေ့နေရကြောင်း ချီလီအစိုးရက စနေနေ့တွင် ပြောခဲ့သည်။

ချီလီနိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ဒေသကိုးခုသည် ကြာသာပတေးနေ့ကတည်းက စတင်ဖြစ်ပွားခဲ့သည့် ပြင်းထန်သောအဆိုပါ ရာသီဥတုဒဏ်ကို ခံစားနေရကြောင်း နိုင်ငံတော်အရေးပေါ် စီမံခန့်ခွဲရေးအေဂျင်စီမှ ပြောခဲ့သည်။

မုန်တိုင်းကြောင့် လူပေါင်း ၃၀၀၀ ခန့်၏ အိုးအိမ်များ ပျက်စီးခဲ့ပြီး နေအိမ် ၂၃၀၀၀၀ ခန့်တွင် လျှပ်စစ်မီးပြတ် တောက်နေကြောင်း အဆိုပါအေဂျင်စီက ပြောခဲ့သည်။

မြို့တော်ဆန်တီယာဂိုရှိ လမ်းမများတွင် စနေနေ့၌ ရေဖုံးလွှမ်းနေပြီး မီးပွိုင့်များလည်း ပျက်နေယုံသာမက အချို့ရပ်ကွက်များတွင် လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။

နိုင်ငံတော်မိုးလေဝသဌာနက စနေနေ့အနှောင်းပိုင်းတွင် ရာသီဥတုအခြေအနေ ပြန်လည်ကောင်းမွန်လာရန် မျှော်လင့်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required