ကွန်တီကို အမြန်ဆုံးစာချုပ်သက်တမ်းတိုးရန် ချယ်လ်ဆီးအသင်း အရှိန်မြှင့်ဆောင်ရွက်

ကွန်တီကို အမြန်ဆုံးစာချုပ်သက်တမ်းတိုးရန် ချယ်လ်ဆီးအသင်း အရှိန်မြှင့်ဆောင်ရွက်

ဇွန် ၁၈၊ အင်္ဂလန် ။            ။ အသင်းဘုတ်အဖွဲ့နှင့် ပြဿနာများရှိနေသော်လည်း နည်းပြကွန်တီကို ချယ်လ်ဆီးအသင်းက အမြန်ဆုံးစာချုပ်သက်တမ်းတိုး နိုင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိနေသည်။

ဘုတ်အဖွဲ့ဝင်များ၏ သဘောဆန္ဒမပါပဲ နည်းပြကွန်တီက ကော်စတာကို သူ၏ ရာသီသစ်အစီအစဉ်တွင် မပါဝင်တော့ကြောင်း ဖုန်းဖြင့်မက်ဆေ့ပို့ခဲ့သည့်အတွက် ကွန်တီကို ချယ်လ်ဆီးအသင်း၏ ဘုတ်အဖွဲ့ဝင်များက စိတ်ပျက်လျက်ရှိနေကြသည်။

လက်ရှိတွင် နည်းပြကွန်တီမှာ အားလပ်ရက်အနားယူနေသော်လည်း ကွန်တီ၏ ကိုယ်စားလှယ် ပက်စတိုရယ်လိုနှင့် ချယ်လ်ဆီး၏ မန်နေးဂျင်းဒါရိုက်တာ ဂရန်နော့စကာအီတို့   တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု  ချယ်လ်ဆီးအသင်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကဆိုသည်။

ကွန်တီ၏ လက်ရှိလစာငွေမှာ ပေါင် ၅ သန်းဖြစ်ပြီး ချယ်လ်ဆီးအသင်းက ပေါင် ၉ သန်းအထိ တိုးမြှင့်ပေးထားကာ သဘောတူညီမှု ရရှိလိမ့်မည်ဟု မျှော်လင့်နေသည်။

ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းနှင့် ကွန်တီအလိုရှိသည့် ကစားသမားများကို စောစောစီးစီး ထုတ်ဖော်ခဲ့ခြင်းမှာ ချယ်လ်ဆီးအသင်းအနေဖြင့် ကွန်တီကို ထောက်ခံကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် လက်ရှိတွင် မန်စီးတီးဂိုးသမား ကာဘယ်လီရိုကို လာမည့်အပတ်အတွင်း ခေါ်ယူနိုင်မည်ဟု မျှော်လင့်နေပြီး အဲဗာတန်တိုက်စစ်မှူး လူကာကူ၊ ပီအက်စ်ဂျီကွင်းလယ်ကစားသမား ဗာရက်တီတို့ကိုလည်း ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly