Fuji Xerox ၏ လူမှုအကျိုးပြု အစီအစဉ်အဖြစ် လှိုင်သာယာတွင် ပြုလုပ်

Fuji Xerox ၏ လူမှုအကျိုးပြု အစီအစဉ်အဖြစ် လှိုင်သာယာတွင် ပြုလုပ်

ရန်ကုန်၊ ဇွန် ၁၇ ။              ။ ဆင်းရဲနွမ်းပါးတဲ့ကျောင်းသူ၊ကျောင်းသားတွေကို သင်ထောက်ကူပစ္စည်းတွေ ပေးလှူပြီး၊ကလေးငယ်တွေ စိတ်ဓါတ်ခွန်အားဖွံ့ဖြိုးတိုးတက်စေမယ့် Game ကစားခြင်းတွေ ကဗျာသီချင်းများရွတ်ဆိုခြင်းအစီအစဉ်တွေကို Fuji Xerox က ပြုလုပ်ပေးခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊စန္ဒာရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ပြုလုပ် ခဲ့တာဖြစ်ပြီး အဆိုတော်နီနီခင်ဇော်လည်း ပါဝင်အားဖြည့်ခဲ့ပါသေးတယ်။

အာရှပစိဖိတ်တစ်ဝှမ်းရှိ မဖွံ့ဖြိုးသေးတဲ့ဒေသတွင်းမှာရှိတဲ့ပြည်သူတွေအတွက် အနာဂါတ်မျိုးဆက်သစ်တွေကို အကောင်းဆုံးနည်းလမ်းတွေ ဖြန့်ဝေလိုတဲ့ရည်ရွယ်ချက်နဲ့ Fuji Xerox က ၂၀၁၄ ခုနှစ်ကတည်းက ဒီစီမံကိန်း ကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့ Fuji Xerox Asia Pacific ရဲ့ General Manager ဖြစ်သူ Mr.Hideaki Kato က ပြောပါတယ်။

ကလေးငယ်တွေအတွက် အမှန်တကယ်လိုအပ်နေတဲ့ သင်ထောက်ကူစာအုပ်ကလေးတွေ အခုလို လှူဒါန်းတဲ့ အတွက်လည်း ကျေးဇူးတင်၊သာဓုခေါ်ပါတယ်လို့ စန္ဒာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းအုပ် ဆရာတော်၊အရှင်စန္ဒာဝရက မိန့်ကြားပါတယ်။

ဒီစာအုပ်ငယ်တွေဟာ ဂျပန်ပညာရေးကုမ္ပဏီကြီးတစ်ခုက စီစဉ်တာဖြစ်ပြီး၊ မြန်မာဘာသာပြန်ဆို ထားတာ ဖြစ်ပါ တယ်။ Fuji Xerox က ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကလေးငယ် ၄၀၀၀ကို သင်ထောက်ကူစာအုပ်ပေါင်း ၁၆၀၀၀ လှူဒါန်းသွားမယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required