သူငယ် ရုပ်ရှင်ဇာတ်ကား ဇွန် ၂၃ရက်တွင် ရုံတင် ပြသမည်

သူငယ် ရုပ်ရှင်ဇာတ်ကား ဇွန် ၂၃ရက်တွင် ရုံတင် ပြသမည်

ရန်ကုန် ၊ ဇွန် ၁၇ ။          ။ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ပထမဦးဆုံး ပွဲဦးထွက် ဇာတ်ကား တစ်ကား ဖြစ်ပြီး ဒါရိုက်တာ အရုဏ်ဦး ပွင့်သိဂီၤဇော် ရိုက်ကူး ပုံဖော်ထားသည့် သူငယ် ဟု အမည်ပေးထားသည့် ရုပ်ရှင် ဇာတ်ကားကြီးကို ဇွန် ၂၃ရက်တွင် ရုံတင် ပြသတော့မည် ဖြစ်သည်။

သူငယ် ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇွန်လ ၁၇ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး ထုတ်လုပ်သူ ၊ ဒါရိုက်တာ ၊ ပါဝင်သရုပ်ဆောင်ထားကြသည့် သရုပ်ဆောင်များ ၊ စာနယ်ဇင်း မီဒီယာများ တက်ရောက်ခဲ့ကြသည်။

Myanmar Idol သီချင်းဆိုပြိုင်ပွဲ၏ အစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်သည့် ကျော်ထက်အောင် ၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားလည်း ဖြစ်သည်။

သူငယ် ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း မိုးနီလွင် ၊ ဒါရိုက်တာ အရုဏ်ဦး ပွင့်သိင်္ဂီဇော် မှ ရိုက်ကူးပြီး သရုပ်ဆောင်များ အဖြစ် ရန်အောင် ၊ ရဲအောင် ၊ မင်းဦး ၊ ကျော်ထက်အောင် ၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည် မာရီကိုးလ် နှင့် တခြား သရုပ်ဆောင်များစွာ ပါဝင်သရုပ်ထားကြသည်။

အချစ် နှင့် ဟာသ Romantic Comedy ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်သလို အပျိုကြီးမမ သုံးယောက် ၏ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုလည်း ဖြစ်ကာ ထို သုံးယောက်ကြား သူငယ်လေး တစ်ဦး ရောက်ရှိလာချိန် မှာတော့ ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များကို ပရိသတ်များက ကြည့်ရှုရမည် ဖြစ်သည်။

"ဒေါက်တာ ငွေလရောင်" အဖြစ် သရုပ်ဆောင် မင်းဦး ၊  ကုမ္ပဏီပိုင်ရှင် သူဌေး အဖြစ် သရုပ်ဆောင် ရဲအောင် ၊ ကိုရွှေသိမ်းမောင် အဖြစ် သရုပ်ဆောင် ရဲအောင် ၊ "မိုးခင်ခင်" ဆိုသည့် ယွန်းထည်ဆိုင်ပိုင်ရှင် အဖြစ် သရုပ်ဆောင် စိုးမြတ်သူဇာ ၊ "နွေဦးမေ"ဆိုသည့် ဗျူးတီးဆလွန်း ပိုင်ရှင် အဖြစ် ထွန်းအိန္ဒြာဗို ၊ "ဆောင်းဟေမာန်"ဆိုသည့် ဖက်ရှင်ဒီဇိုင်နာ အဖြစ် သရုပ်ဆောင် ခိုင်သင်းကြည် ၊ အပြောကောင်း  ရုပ်ချော ကြီးကြီး ငယ်ငယ် ရွယ်ရွယ် လတ်လတ် ကြွေသွားအောင် ပြုစားတတ်သည့်သူ အဖြစ် ကျော်ထက်အောင် တို့က သရုပ်ဆောင်ထားကြသည်။

သူငယ် ရုပ်ရှင် ဇာတ်ကားကြီးကို ဇွန်လ (၂၃)ရက် မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံကြီး များတွင် တစ်ပြိုင်နက် ရုံတင်ပြသ သွားတော့မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly