အမျိုးသမီးတစ်ဦးက ရင်သားများကို လက်နက်သဖွယ် သုံးပြီး ရဲအရာရှိကို တိုက်ခိုက်ခဲ့ သည်ဆိုကာထောင်ချလိုက်၍ ဘရာစီယာ များဝတ်ကာ ဆန့်ကျင်ဆန္ဒပြ

အမျိုးသမီးတစ်ဦးက ရင်သားများကို လက်နက်သဖွယ် သုံးပြီး ရဲအရာရှိကို တိုက်ခိုက်ခဲ့ သည်ဆိုကာထောင်ချလိုက်၍ ဘရာစီယာ များဝတ်ကာ ဆန့်ကျင်ဆန္ဒပြ
ဓာတ်ပုံ - ဘီဘီစီ

ဟောင်ကောင်တွင် ရဲအရာရှိတစ်ဦးကို အမျိုးသမီးတစ်ဦးက ရင်သားများသုံးကာ တိုက်ခိုက်ခဲ့ သည်ဆိုပြီး ထောင်ချလိုက်ခြင်းအပေါ် မကျေနပ်ကြသော အမျိုးသား အမျိုးသမီး ဒါဇင်များစွာက ဘရာစီယာများ ကိုယ်စီဝတ်ကာ ဆန္ဒပြကြသည်။

မတ်လတွင်းက ဖြစ်ပွားသော ဆန္ဒပြသမှုတစ်ရပ်တွင် အသက် ၃၀ အရွယ် ငိုင်လိုင်ယင်းဆိုသူ အမျိုးသမီးက ရဲထောက်လှမ်းရေးအကြီးအကဲ ချန်ကာပိုသည် ၎င်း၏ရင်သားများကို ထိတွေ့ ကိုင်တွယ် ခဲ့သည်ဟု စွပ်စွဲတိုင်တန်းခဲ့သည်။ သို့သော် တရားရုံးက လိုင်ယင်းအား အရှုံးပေးလိုက်ကာ ရဲအရာရှိကို ရည်ရွယ်ချက်ရှိရှိဖြင့် ရင်သားများဖြင့် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်၍ ယခုကဲ့သို့ စွပ်စွဲ လာခြင်းသာ ဖြစ်သည်ဟု ဆုံးဖြတ်ချက်ချခဲ့သည်။

ထိုအတွက် လိုင်ယင်းအား ဇူလိုင် ၃၀ ရက်တွင် ထောင်ဒဏ် သုံးလနှင့် ၁၅ ရက် ပြစ်ဒဏ်ချမှတ် လိုက်ခြင်းဖြစ်သည်။ ဝန်ချိုင်းအရပ်တွင် ရဲစခန်းများရှေ့ ဘရာစီယာဝတ် လမ်းလျှောက်ခြင်းဆိုသည့် ဆန္ဒပြသမှုကို သြဂုတ် ၂ ရက်က လူပေါင်း ၂၀၀ ခန့် ပါဝင်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဘရာစီယာဝတ် ယောက်ျား မိန်းမ ဆန္ဒပြသူများက ရင်သားက လက်နက်တစ်ခုမဟုတ်ဟူသော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

လိုင်ယင်းသည် မတ်လအတွင်းက ဟောင်ကောင်သို့ ဈေးဝယ်ထွက် လာရောက်လည်ပတ်သည့် တရုတ်ပြည်မကြီးမှ လာရောက်မှုများကို ဆန့်ကျင်ဆန္ဒပြမှုအတွင်း ယခုကဲ့သို့ ရဲအရာရှိနှင့် အမှုဖြစ်ကာထောင်ချခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly