လာကာဇက်တီကို အာဆင်နယ်အသင်း တရားဝင်ကမ်းလှမ်းခဲ့ဟုဆို

လာကာဇက်တီကို အာဆင်နယ်အသင်း တရားဝင်ကမ်းလှမ်းခဲ့ဟုဆို

ဇွန် ၁၇၊ လိုင်ယွန်။               ။ အာဆင်နယ်အသင်းသည် တိုက်စစ်မှူး အလက်ဇန္ဒား လာကာဇက်တီအတွက် အလွန်ကောင်းမွန်သည့် ကမ်းလှမ်းမှုပြုလုပ်ခဲ့ သော်လည်း ပြင်သစ်လိဂ်-၁ ကလပ်အနေဖြင့် ပြင်သစ်လက်ရွေးစင်ကစားသမားကို ဆက်ထိန်းထားရန်ဆုံးဖြတ်ထား ကြောင်း လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းမိုက်ကယ် အူလက်စ်ကပြေသည်။

အူလက်စ်သည် လက်ရှိဈေးကွက်အတွင်း လာကာဇက်တီကို အက်သလက်တီကိုသို့ရောင်းချရန်သဘောတူခဲ့သော်လည်း စပိန်ထိပ်သီးကလပ်မှာ ကစားသမားဝယ်ယူခွင့်ပိတ်ခံရသည့်အပေါ် အယူခံရှုံးခဲ့၍ လာကာဇက်တီကို ခေါ်ယူနိုင်ခြင်းမရှိပေ။

အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးကို  မန်ချက်စတာယူနိုက်တက်နှင့်လီဗာပူးလ်တို့ကလည်း ချိတ်ဆက်နေကြသော်လည်း အာဆင်နယ်တစ်သင်းတည်းသာ တရားဝင်ကမ်းလှမ်းသည့် ပရီးမီးယားလိဂ်ကလပ်ဖြစ်သည်ဟု အူလက်စ်က ပြောသည်။

“အသင်းပြောင်းချင်တယ်လို့ လာကာဇက်တီက ပြောလာပါတယ်။ အက်သလက်တီကိုနဲ့ ကျွန်တော်တို့ ညှိခဲ့တယ်။ ဒါပေမဲ့ အလုပ်မဖြစ်ခဲ့ဘူး။ အခုတော့ အာဆင်နယ်အသင်းဆီကနေ သိပ်ကောင်းတဲ့ ကမ်းလှမ်းတာကိုရထားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘက်ကတော့ သူအသင်းပြောင်းမှာမဟုတ်ဘူးဆိုတာပါပဲ”ဟု အူလက်စ်က ပြောသည်။

လာကာဇက်တီသည် ပြီးခဲ့သည့်ရာသီက လိုင်ယွန်အတွက် ၄၅ ပွဲကစား၊ ၃၇ ဂိုးသွင်းခဲ့ပြီး စီနီယာအသင်းသို့စရောက်သည့် ၂၀၀၉-၁၀ ရာသီက စတင်ရေတွက်လျှင် ၂၇၅ ပွဲကစား၊ ၁၂၉ ဂိုး သွင်းထားသည်။

Ref; Sportsmole

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly