ဆန်ဒရိုအတွက် ချယ်လ်ဆီး၏ ပေါင် ၅၅ ဒသမ ၂ သန်းဖြင့်ကမ်းလှမ်းမှုကို ဂျူဗင်တပ်ပယ်ချ

ဆန်ဒရိုအတွက် ချယ်လ်ဆီး၏ ပေါင် ၅၅ ဒသမ ၂ သန်းဖြင့်ကမ်းလှမ်းမှုကို ဂျူဗင်တပ်ပယ်ချ

ဇွန် ၁၇၊ တူရင်။          ။ ဆန်ဒရိုအတွက် ချယ်လ်ဆီးအသင်း၏ ပေါင် ၅၅ ဒသမ ၂ သန်းဖြင့်ကမ်းလှမ်းလာမှုကို ဂျူဗင်တပ်အသင်းက ပယ်ချလိုက်သည်။ သို့သော် ကစားသမားကိုယ်တိုင်က အသင်းပြောင်းချင်သည်ဆိုပါက တားဆီးမည်မဟုတ်ဟုလည်း ဂျူဗင်တပ်က အသိပေးထားသည်။

အီတလီချန်ပီယံအသင်းအနေဖြင့် ရောင်းချရန်ဆန္ဒပြင်းပြခြင်းမရှိသော်လည်း အသက် ၂၆ နှစ်အရွယ် ဘရာဇီးဘယ်နောက်ခံလူ ကို လွန်ခဲ့သည့်နှစ်နှစ်က ပေါ်တိုအသင်းထံမှ ပေါင် ၂၃ သန်းဖြင့်   ခေါ်ယူခဲ့စဉ်ကထက် အမြတ်များစွာရနိုင်မည်ဆိုပါက အခွင့်အရေးကို အသုံးချဖွယ်ရှိနေသည်။

ဘရာဇီးလက်ရွေးစင်အသင်းနှင့်အတူ သြစတြေးလျသို့ရောက်နေသည့် ဆန်ဒရိုမှာ ချယ်လ်ဆီးနည်းပြကွန်တီ၏ ထိပ်တန်း ပစ်မှတ်ကစားသမားအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် ယမန်နှစ်က ဘယ်နောက်ခံလူ မားကို့စ်အလွန်ဆိုအတွက် ပေါင် ၂၃ သန်းသုံးစွဲခဲ့သော်လည်း ကွန်တီ အနေဖြင့် လူစာရင်းတွင် ပိုမိုပြိုင်ဆိုင်ပြင်းထန် လာစေချင်နေပြီး   ဈေးကွက်အတွင်းချယ်လ်ဆီးအသင်းသွေးအေးနေခြင်းအပေါ်တွင် လည်း စိုးရိမ်နေသည်။

ဆန်ဒရိုသည် ပြီးခဲ့သည့်ရာသီက စီးရီးအေချန်ပီယံနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲရောက် ဂျူဗင်တပ်အသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၄၃ ပွဲကစား၊ သုံးဂိုးသွင်းကာ၊ ငါးကြိမ်ဖန်တီးပေးနိုင်ခဲ့သည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly