ဂျာမနီပြန်လည်ပေါင်းစည်းရေး အားထုတ်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း Helmut Kohl ကွယ်လွန်

ဂျာမနီပြန်လည်ပေါင်းစည်းရေး အားထုတ်ခဲ့သည့် ၀န်ကြီးချုပ်ဟောင်း Helmut Kohl ကွယ်လွန်

ဇွန် ၁၇ ။          ။ တစ်ကွဲတစ်ပြားဖြစ်နေခဲ့တဲ့ ဂျာမနီကို ပြန်လည်ပေါင်းစည်းစေရေး ကြိုးပမ်းပေးခဲ့သည့် ဝန်ကြီးချုပ်ဟောင်း Helmut Kohl ဇွန်လ ၁၆ ရက်နံနက်ပိုင်းက ဂျာမနီအနောက်ပိုင်းရှိ ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၈၇ နှစ်အရွယ်ဖြင့် ကွယ်လွန်သွားခဲ့သည့် ဂျာမန်ခေါင်းဆောင်ဟောင်း Helmut Kohl မှာ အရှေ့နှင့် အနောက် ဂျာမနီတို့ကို ပြန်လည်ပေါင်းစည်းစေခြင်းနှင့် ဘာလင်တံတိုင်းပြိုကျစေခြင်း တို့အတွက် အဓိကကြိုးပမ်းအားထုတ်ပေးခဲ့သူတစ်ဦးအဖြစ် ထင်ရှားသူ ဖြစ်သည်။

၎င်းအား လက်ရှိအချိန်ထိ ဂျာမနီပြန်လည်ပေါင်းစည်းရေးအတွက် ဦးစီးဦးဆောင်ပြုခဲ့သူအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

အလားတူ ဂျာမနီကို ၁၉၈၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်ထိ နိုင်ငံ၏အဓိပတိအဖြစ် ကာလကြာ ဦးဆောင်ပေးခဲ့သူ Kohl သည် ယူရိုငွေကြေး စတင်မိတ်ဆက်ပေးမှု၏ နောက်ကွယ်တွင်လည်း အဓိက တွန်းအားပေးခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ယခုအခါ ဂျာမန်သမိုင်းကြောင်းတွင် ကြီးကျယ်ခမ်းနားသည့် ခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း လက်ရှိဂျာမန်ဝန်ကြီးချုပ်အပါအဝင် ကမ္ဘာ့နိုင်ငံခေါင်းဆောင်တစ်ချို့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required