အာဆတ်ကို ဖြုတ်ချရန် အမေရိကန်၏ စီမံကိန်းမှာ အခြေအနေသစ်တစ်ရပ်သို့ ကူးပြောင်းရောက်ရှိလာ ဟုဆို

အာဆတ်ကို ဖြုတ်ချရန် အမေရိကန်၏ စီမံကိန်းမှာ အခြေအနေသစ်တစ်ရပ်သို့ ကူးပြောင်းရောက်ရှိလာ ဟုဆို
စီိအိုင်အေ ကန်ထရိုက်တာဟောင်း စတီဗင် ကယ်လီ။ ဓာတ်ပုံ - ပရက်စ်တီဗီ

အကယ်၍ အမေရိကန်နောက်ခံပြု တပ်ဖွဲ့များ တိုက်ခိုက်ခံရလျှင် ဆီးရီးယား ကိုလေကြောင်းဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်လိုက်ခြင်းအားဖြင့် ပင်တဂွန်မှာ အခြေအနေသစ်တစ်ရပ်ကို ဝင် ရောက် လာခဲ့ပြီး အစကတည်းက အမေရိကန်တပ်ဖွဲ့များ ဆီးရီးယားတွင် မရှိသင့်ဟု စီအိုင်အေ ကန်ထရိုက်တာဟောင်း စတီဗင်ကယ်လီက ပြောကြားသည်။

ဆီးရီးယားနိုင်ငံတွင် အမေရိကန်နောက်ခံပြုတပ်ဖွဲ့များကို တိုက်ခိုက်နေသူများအား လေကြောင်းဖြင့် တိုက်ခိုက်ချေမှုန်းရန် သမ္မတ ဘားရက်အိုဘားမားက စစ်တပ်ကို အမိန့်ပေးခဲ့သည်။

အမေရိကန် နောက်ခံပြုတပ်ဖွဲ့များ ၎င်းတို့၏ မစ်ရှင်ကို အောင်မြင်ပေါက်မြောက်စေရေးအတွက် လိုအပ်သည့်အရာမှန်သမျှ လုပ်ဆောင်မည်ဖြစ်ကြောင်း အိုဘားမားအစိုးရက မီးစိမ်းပြလိုက်ခြင်းပင်ဖြစ် သည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြော ခွင့်ရပုဂ္ဂိုလ် အလစ်စတာ ဘက်စကီး ကပြောကြားသည်။

''ဆီးရီးယားမှာ တိုက်ခိုက်နေကြတဲ့ အမေရိကန်နောက်ခံပြု တပ်ဖွဲ့တွေကို ကာကွယ်ဖို့ သမ္မတ အိုဘားမားအစိုးရက လေတပ်ကို အသုံးပြုခွင့်ပေးလိုက်တာက ဝမ်းနည်းစရာကောင်းတဲ့ မြင့်တက်လာ မှုတစ်ရပ်ပါ''ဟု ကယ်လီက ပရက်စ်တီဗီကို သြဂုတ်လ ၃ ရက်က ပြောသည်။

ဆက်လက်ပြီး အာဆတ်ကို ဖြုတ်ချဖို့ အမေရိကန်ရဲ့ကြိုးစားမှုဟာ အဆင့်အခြေအနေသစ် တစ်ရပ်ကို ရောက်ရှိလာတာလည်း စိတ်ပျက်စရာပါဟုလည်း ကယ်လီက ထပ်လောင်းပြောကြား သည်။ ဆီးရီးယားပြည်တွင်းရေးတွင် အမေရိကန် ဝင်ရောက်စွက်ဖက်မှုကိုလည်း ကယ်လီက ဝေဖန် လိုက်သည်။

''သူတို့ သိမ်းသွင်းထားတဲ့လူထုတွေက အိုင်အက်စ်ကို ဆန့်ကျင်တိုက်ဖျက်ဖို့ စိတ်မဝင်စားပါ ဘူး။ သူတို့ အဲဒီမှာရှိနေတာက အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ပါ''ဟုလည်း ကယ်လီက ပြောကြား သည်။

ဆီးရီးယားမှာ ၂၀၁၁ ခုနှစ် မတ်လကတည်းက မတည်ငြိမ်မှုဒဏ်ကို ခံစားလာနေခဲ့ရပြီး အမေရိကန် ပြည်ထောင်စုနှင့် ၎င်း၏ ဒေသတွင်း မဟာမိတ်များ ဖြစ်ကြသည့် ကာတာ၊ ဆော်ဒီ အာရေဗျနှင့် တူရကီတို့က ဆီးရီးယားနိုင်ငံအတွင်း လှုပ်ရှားနေသည့် စစ်သွေးကြွများကို ကျောထောက်နောက်ခံ ပြုပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required