ဖျော်ဖြေပွဲ၌ Despacito သီချင်းကို သီဆိုရန်ငြင်းဆန်ခဲ့သော ဂျက်စတင်ဘီဘာဘက်မှ လူဝဇ်ဖွန်စီ ကာကွယ် ပြောဆို

ဖျော်ဖြေပွဲ၌ Despacito သီချင်းကို သီဆိုရန်ငြင်းဆန်ခဲ့သော ဂျက်စတင်ဘီဘာဘက်မှ လူဝဇ်ဖွန်စီ ကာကွယ် ပြောဆို

လက်ရှိတွင် Billboard ၌ ပရိသတ်များကြား ရေပန်းအစားဆုံး သီချင်း ၁၀၀ ဇယားတွင် နံပါတ်တစ်နေရာမှ ရပ်တည်နေသော Despactio ဟု အမည်ရသည့် သီချင်းကို ဂျက်စတင်ဘီဘာသည် ဖျော်ဖြေပွဲတစ်ခုတွင် သီဆိုရန် ငြင်းဆန်ခဲ့သည်။

ထိုသီချင်းကို ပွေတိုရီကိုနိုင်ငံသား အဆိုတော် လူဝဇ်ဖွန်စီနှင့်အတူ ဂျက်စတင်ဘီဘာက တွဲဖက်သီဆိုထားခဲ့ ခြင်းဖြစ်သည်။ အဆိုပါသီချင်းကို ဖျော်ဖြေပွဲတစ်ခုတွင် သီဆိုပေးရန် ဂျက်စတင်ဘီဘာအား ပရိသတ်များက တောင်းဆိုခဲ့သော်လည်း ဘီဘာက သီချင်းစာသားများကို သူအလွတ်မရသောကြောင့် ဖျော်ဖြေပေးရန်ငြင်းဆန် ခဲ့သည့်အတွက် ပရိသတ်များ၏ ငြိုငြင်မှုနဲ့ရင်ဆိုင်ခဲ့ရသည်။

ထိုကိစ္စနှင့်ပက်သက်၍  လူဝဇ်ဖွန်စီက “သူစာသားတွေကို မသိဘူးဆိုတဲ့အတွက် သူ့ကို ကျနော်အပြစ်မမြင်မိပါ ဘူး။ ဒီသီချင်းဟာ သူ့ရဲ့မိခင်ဘာသာစကားနဲ့ ရေးသားထားတာ မဟုတ်တာကြောင့် သူ့အတွက်အခက်အခဲရှိ နိုင်ပါတယ်။ ဒီသီချင်းကို ချက်ချင်းကြီး ချောမွေ့အောင် သီဆိုဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်ပါဘူး” ဟု လူဝဇ်က ABC News Radio သို့ ပြောကြားခဲ့သည်။

Despacito သီချင်းတွင် ဂျက်စတင်ဘီဘာသည် စပိန်ဘာသာစကားဖြင့် အနည်းငယ်သီဆိုပေးခဲ့ပြီး ထိုကဲ့သို့ သီဆိုမှုသည် သူ့အတွက် ပထမဦးဆုံးအကြိမ် အခြားဘာသာစကားဖြင့် သီဆိုခြင်းဖြစ်ကြောင်း လူဝဇ်က ပြောခဲ့ သည်။

“အဲ့ဒီသီချင်းကို အသံသွင်းတုန်းက သူ့အရှေ့မှာ ကျနော်တို့စာသားတွေ ချပေးထားရပါတယ်။ သူအင်္ဂလိပ်ဘာ သာစကားနဲ့ သီဆိုဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ကျနော်တို့မှာ အင်္ဂလိပ်စာသား အပြည့်အစုံရှိပါတယ်။ ဒါပေမယ့် မူရင်းသီချင်းရဲ့ အနှစ်သာရမပျောက်သွားအောင် သူက စပိန်လိုပဲ သီဆိုမယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု လူဝဇ် က ပြောခဲ့သည်။

“ဒါကြောင့် အသံသွင်းစတူဒီယိုထဲမှာ သူအချိန်ယူခဲ့ပြီး ကောင်းမွန်စွာသီဆိုနိုင်ခဲ့တဲ့အတွက် ကျနော်ချီးကျုး ပါတယ်” ဟု လူဝဇ်က ဆက်လက်ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags