ကိုယ့်ကိုကိုယ် ရုပ်သေးရုပ်နဲ့ တင်စားပြီး ပြောပြချင်တယ်ဆိုတဲ့ ဇွန်ဝေယံ

ကိုယ့်ကိုကိုယ် ရုပ်သေးရုပ်နဲ့ တင်စားပြီး ပြောပြချင်တယ်ဆိုတဲ့ ဇွန်ဝေယံ

X Factor သီချင်းဆိုပြိုင်ပွဲကနေပြီးတော့ ပရိသတ် အသိအမှတ်ပြု လက်ခံထားတဲ့သူ၊ လက်တလောမှာ တစ်ကိုယ်တော်အခွေ ထွက်ရှိထားတဲ့သ၊ူ သူကတော့ X Factor ရဲ့ First Winner ဇွန်ဝေယံပါ။ သီချင်းဆိုပြိုင်ပွဲတွေမှာ အောင်မြင်ခဲ့ပေမယ့် ဂီတလောကမှာ ကြာရှည်စွာ သူ ရပ်တည် နိုင်ပါ့မလား။

အခုဆိုလို့ရှိရင် ဇွန်ဝေယံနဲ့ တွေ့ဆုံဖို့အတွက် သူရှိတဲ့နေရာကို ရောက်နေပါတယ်။

အစ်မတို့ YOPE မှာ မေးခွန်း ငါးခု မေးသွားမှာပါ။

ဒါကတော့ ပထမဆုံး မေးခွန်းပါ။ သီချင်းဆိုပြိုင်ပွဲတွေက တက်လာတဲ့ အနုပညာရှင်တွေ အများစုက ဒီဂီတလောကမှာ အကြာကြီး မရပ်တည်နိုင်ကြဘူး။  ပျောက်ကွယ်သွားကြတယ်။   မောင်လေးကလည်း အခု တစ်ကိုယ်တော်အခွေ ထွက်ပြီဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ့်ကိုကိုယ် ဘယ်လို ကြိုတင်ပြင်ဆင်ထားတာမျိုးတွေ ရှိသလဲ။

ပထမက ကျွန်တော်က ပြိုင်ပွဲဝင်တစ်ဦးအနေနဲ့ ပရိသတ်က ကိုယ့်ကို လက်ခံခဲ့တယ်။ အခု ဒီအချိန်မှာ စီးရီးလေး ထွက်မယ်ပေါ့နော်။ ဒါ အနုပညာလမ်းကြောင်းပေါ် ကျွန်တော် စတင်ပြီးတော့   လျှောက်လှမ်းတော့မယ်။ အခု လက်ရှိအခြေအနေမှာလည်း အောင်မြင်နေတဲ့ အနုပညာရှင်တွေ အများကြီးရှိတယ်။ သူတို့ ဘာကြောင့် အောင်မြင်ကြသလဲဆိုတဲ့ဟာကို ကျွန်တော်   လေ့လာတာပေါ့လေ။ လေ့လာတဲ့အခါကျတော့ သူတို့ကိုယ်တိုင်လည်း အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်ကြတယ်။ အမြဲတမ်း ကိုယ့်ရဲ့အလုပ်တွေကို တစ်ခုပြီးတစ်ခု ချပြသွားနိုင်တယ်။ ကျွန်တော်က ဒါမျိုးလေးတွေကြောင့်မို့ သူတို့ရဲ့ အောင်မြင်မှုတွေကို ဆက်လက် ထိန်းထားနိုင်တယ်လို့ ကျွန်တော် ထင်တာပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်ကလည်း ကျွန်တော်ရဲ့ ဒီပြိုင်ပွဲလေး ပြီးသွားတယ်ဆိုပေမယ့် ရက်ကို အကြာကြီး မခြားပဲနဲ့ ကျွန်တော်အခွေကို အကောင်းဆုံးနဲ့ ပရိသတ်လက်ထဲကို ထည့်ပေးတယ်ဆိုတာကလည်း ရှေ့က ကိုယ့်ရဲ့ စံနမူနာထားလောက်တဲ့ အနုပညာရှင်တွေကို လေ့လာပြီးတော့ ကျွန်တော်ကလည်း ကျွန်တော်ဘက်က တတ်နိုင်သလောက် ကြိုးစားထာပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ။ ဒါကတော့ နံပါတ် (၂) မေးခွန်းပါ။ မောင်လေးမိသားစုထဲမှာ ဇွန်ဝေယံလိုမျိုး သီချင်းဆိုကောင်းတဲ့သူများ ရှိမလား။ ဘယ်သူဖြစ်မလဲ။

ပြောရမယ်ဆိုရင်တော့ မိသားစုထဲမှာက ပြောရမယ်ဆိုရင် မိသားစု (၅) ယောက် ရှိတယ်ပေါ့နော်။ ကျွန်တော်က အငယ်ဆုံးပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ဖေဖေရော မေမေရော အမနှစ်ယောက်စလုံးရော သီချင်းဆိုတယ်။ သီချင်းဆိုတယ်ဆိုတာက ဘယ်လိုပြောမလဲ အသံကောင်းကြတယ်။ တစ်ခါတစ်လေ ဖေဖေရော မေမေရော သီချင်းညည်းကြတယ်ပေါ့နော် ဆိုကြတယ် ဒါပေမယ့် ကျွန်တော်လောက် မကောင်းကြဘူးပေါ့ အဖြေကတော့ အဲဒါပါပဲ။

ဟုတ်ကဲ့ပါ။ ဇွန်ဝေယံကိုသာ အရုပ်တစ်ရုပ် ကိုယ်စားပြုပါဆိုရင် ဘယ်အရုပ်ကို ကိုယ်စားပြုချင်ပါသလဲ။

အမှန်တိုင်းပြောမယ်ပေါ့နော်။ အခု ကျွန်တော်ရိုက်ထားတဲ့ အရုပ်ကာဗာထဲကအတိုင်းပဲ ရုပ်သေးရုပ်လေးနဲ့ ဘယ်လိုပြောမလဲ တင်စားပြီးတော့ ပြောပြချင်တာပေါ့။ အရင်တစ်ခါတုန်းက ကိုယ်ကလည်း အဲဒီလိုပဲ အရုပ်တစ်ရုပ်လိုပဲ လိုအပ်တဲ့အချိန်ကျလို့ရှိရင် ကိုယ် ကြိုးဆွဲရာ လိုက်ကပေးနေသလိုမျိုး ဖြစ်လာတာပေါ့နော်။ မလိုအပ်လို့ရှိရင် ေချောင်ထိုးထားတယ်။ ကျွန်တော်အဖြစ်ကလည်း အဲဒီလိုမျိုး ရှိခဲ့ဖူးတယ်လေ။ ရှိခဲ့ဖူးတဲ့အတွက်ကြောင့်မိုလို့ ပြောရမယ်ဆိုရင်တော့ ရုပ်သေးရုပ်လေးကိုတော့ ကျွန်တော် တင်စားပြီးတော့ ပြောပြချင်ပါတယ်ခင်ဗျ။

ဟုတ်ကဲ့ပါ။ ဒါကတော့ YOPE ရဲ့ နံပါတ် (၄) မေးခွန်းပေါ့နော်။ မောင်လေး ပြိုင်ပွဲတွေမှာလည်း ဝင်လာတယ်။ ဖက်ရှင်အရမ်းမိုက်တဲ့ ပုံစံတွေကြောင့် ပရိသတ် သတိထားမိလာတယ်ပေါ့။ မောင်လေးကိုယ်တိုင်ကရော ဇွန်ဝေယံဆိုပြီးတော့ ပရိသတ် သိလာတာ ဖက်ရှင်တွေကြောင့်လို့ ထင်လား။

ကျွန်တော်အထင်တော့ အဲဒါကြောင့်လည်း ပါမယ်ပေါ့နော်။ ပါမယ်ဆိုတာက အဝတ်အစားဝတ်တဲ့အပိုင်းမှာလည်း အနုပညာရှင်တစ်ယောက် ဖြစ်တယ်ဆိုလို့ရှိရင် အဆိုတော်ပဲဖြစ်ဖြစ် မင်းသားမင်းသမီးပဲဖြစ်ဖြစ် အနုပညာရှင်တစ်ယောက် ဖြစ်လာပြီဆိုလို့ရှိရင် အသံထိုင်ကောင်းနေရုံနဲ့လည်း မရဘူးပေါ့နော် သရုပ်ဆောင်ကောင်းနေရုံနဲ့လည်း မရဘူး အဝတ်အစားကို ချင့်ချိန်ပြီးတော့ ဝတ်တတ်တယ် ဘယ်ပွဲမှာ ဘယ်လိုအဝတ်အစား ဝတ်သင့်တယ် ချင့်ချိန်ပြီးတော့ လေ့လာလိုက်စားတယ်ဆိုရင် ဒါ ပရိသတ်ကလည်း ကိုယ့်ကို မှတ်မိလွယ်စေတယ်။ ပရိသတ် သတိထားမိစေတယ်ဆိုတာကလည်း ဖက်ရှင်နဲ့ သူတို့ အသိအမှတ်ပြုထားပြီးသား သီချင်းကိုလည်း ကျွန်တော် ရွေးချယ်ပြီးတော့ ယှဉ်ပြိုင်ခဲ့တဲ့အတွက်ကြောင့်မိုလို့ ဒီ နှစ်ခုအတွက်ကြောင့်မိုလို့ ကျွန်တော်ထင်တာပေါ့နော် ကျွန်တော် အမြင်လေးပါ။

ဟုတ်ကဲ့ပါ။ ဒါကတော့ YOPE ရဲ့ နောက်ဆုံး မေးခွန်းပါပေါ့နော်။ X Factor မှာ ဇွန်ဝေယံဆိုပြီးတော့ ပရိသတ် ပိုပြီးတော့ လက်ခံလာတယ်။ ပိုပြီးတော့ သိလာတယ်။ မောင်လေး အရင်ကလည်း ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးတယ်ဆိုတော့ တကယ်လို့များ မြန်မာနိုင်ငံမှာ သီချင်းဆိုပြိုင်ပွဲတွေသာ မရှိဘူးဆိုရင် မောင်လေးရဲ့ အနုပညာကို ဘယ်လိုမျိုးပုံစံနဲ့ ချပြဖို့ရှိလဲ။

ပြိုင်ပွဲတွေ မရှိဘူးဆိုရင်တော့ ကျွန်တော်ရဲ့ ဂီတ အရည်အချင်းကိုတော့ ကျွန်တော် ဘယ်လိုပြောရမလဲ ကျွန်တော်ကလည်း အနုပညာအလုပ်ဆိုရင် အကုန် ဝါသနာပါတယ်လေ ဝါသနာ ပါတယ်ဆိုတဲ့အတွက် သီချင်းမဆိုဖြစ်ဘူးဆိုရင်တော့ ကျွန်တော် တစ်နည်းမဟုတ် တစ်နည်းနဲ့ အနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တစ်ခုကိုတော့ ကျွန်တော် ရွေးပြီးတော့ လုပ်ရမှာပဲ။ ဘယ်လိုပြောရမလဲ အဖြေကလည်း ခက်တယ်။ သရုပ်ဆောင် တစ်ခုခု ဒါမှမဟုတ်ရင်လည်း မော်ဒယ်ပေါ့နော် အဲလိုမျိုး တစ်ခုခုနဲ့ သွားဖို့ ရှိပါတယ်လို့။

ဟုတ်ကဲ့ပါ။ ဇွန်ဝေယံ အခုလို YOPE မှာ မေးခွန်း (၅)ခု ဖြေပေးတဲ့အတွက် ကျေးဇူး အများကြီးတင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုမျိုး ဉာဏ်စမ်းမေးခွန်းတွေလည်း ကောင်းကောင်း ထုတ်ပေးနိုင်တဲ့အတွက ကျွန်တော်ကလည်း ဝမ်းသာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly