အသင်းနှင့်အဆင်မပြေ၍ ကွန်တီနုတ်ထွက်ရန် အသင့်ဖြစ်နေသည်ဟူသော သတင်းများကို ချယ်လ်ဆီးငြင်းဆန်

အသင်းနှင့်အဆင်မပြေ၍ ကွန်တီနုတ်ထွက်ရန် အသင့်ဖြစ်နေသည်ဟူသော သတင်းများကို ချယ်လ်ဆီးငြင်းဆန်

ဇွန် ၁၆၊ လန်ဒန်။          ။ နည်းပြကွန်တီသည် အသင်းအုပ်ချုပ်ရေးပိုင်းနှင့် အဆင်မပြေသဖြင့် နုတ်ထွက်လုနီးပါးဖြစ်နေပြီဟူသော သတင်းများကို ချယ်လ်ဆီးအသင်းက ပယ်ချလိုက်သည်။

အီတလီလူမျိုးအနေဖြင့် အသင်းမှ ထွက်ခွာရန်ပြင်ဆင်နေသည်ဟု ကြာသပတေးညနေပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ရမည့်အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း တစ်ကျော့ပြန်ယှဉ်ပြိုင်ရမည့် ရာသီသစ်အတွက် နည်းဗျူဟာချမှတ်ခြင်းနှင့်ပတ်သက်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်အုပ်ချုပ်ရေးပိုင်းနှင့် အသက် ၄၇ နှစ်ရှိကွန်တီတို့အကြား သဘောထား ကွဲလွဲနေသည်ဟု သတင်းများက ဖော်ပြကြသည်။

ဒေါ့မွန်နည်းပြဟောင်း တူချယ်ကိုလည်း ကွန်တီနေရာဆက်ခံနိုင်ခြေရှိသူအဖြစ် ဖော်ပြနေကြသည်။ ၂၀၁၉ ထိ စာချုပ်သက်တမ်း ကျန်နေသေးသည့် ကွန်တီသည် လွန်ခဲ့သည့်လများကတည်းက ကတိပေးထားသည့် စာချုပ်သစ်ကိစ္စကိုလည်းအဆုံးသတ်နိုင် ခြင်းမရှိသေး၍ လက်မှတ်ထိုးရခြင်းလည်း မရှိသေးပေ။

သို့သော် ချယ်လ်ဆီးအသင်းသတင်းရင်းမြစ်များက ကွန်တီအနေဖြင့် ၂၀၁၇-၁၈ ရာသီတွင် ချယ်လ်ဆီးအသင်းကိုဦးဆောင်သွား မည်ကို အသင်းဘက်မှသံသယမရှိကြောင်း၊ လက်ရှိတွင်လည်း ရာသီသစ်အတွက် အသင်းအင်အားတောင့်တင်းအောင် ဆောင်ရွက်နေကြောင်း မယ်ရာသတင်းဌာနသို့ပြောသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required