စာချုပ်သက်တမ်းတိုးရန် ဂိုးသမားဒွန်နာရန်မာ ငြင်းပယ်ခဲ့ကြောင်း အေစီမီလန်အသင်းအတည်ပြု

စာချုပ်သက်တမ်းတိုးရန် ဂိုးသမားဒွန်နာရန်မာ ငြင်းပယ်ခဲ့ကြောင်း အေစီမီလန်အသင်းအတည်ပြု

ဇွန် ၁၆၊ အီတလီ ။              ။ ဂိုးသမားဒွန်နာရန်မာက စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်လိုက်ကြောင်း အေစီမီလန်အသင်းက အတည်ပြု ပြောဆိုလိုက်သည်။ ဒွန်နာရမ်မာမှာ အေစီမီလန်အသင်းအတွက် လက်စွမ်းပြကစားပေးခဲ့သောကြောင့် ဥရောပအသင်းကြီးအများအပြား၏ စိတ်ဝင်စားခြင်းကို ခံနေရသူ ဖြစ်သည်။

ဒွန်နာရမ်မာ၏အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ အီတလီသို့ ရောက်ရှိလာပြီးနောက် အသက် ၁၈ နှစ်အရွယ်ဂိုးသမားမှာ စာချုပ်သက်တမ်းမတိုးရန် သေချာသွားခဲ့ခြင်းဖြစ်သည်။ ဒွန်နာရမ်မာနှင့်   အေစီမီလန်တို့၏ စာချုပ်သက်တမ်းမှာ လာမည့်နှစ်ရာသီအကုန်တွင် ကုန်ဆုံးမည်ဖြစ်သည့်အတွက် မီလန်အသင်းမှာ ဒွန်နာရန်မာကို ယခုအပြောင်းအရွှေ့တွင် ရောင်းချရတော့မည် ဖြစ်သည်။

အေစီမီလန်အသင်းဘက်ကတော့ ဒွန်နာရမ်မာအသင်းနှင့် စာချုပ်သက်တမ်းမတိုးသည့်အတွက် အလွန်ဝမ်းနည်းမိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဒွန်နာရန်မာ၏ သတင်းမှာ မန်ယူဂိုးသမားဒီဂီယာနှင့် ရီးယဲလ်အသင်းတို့၏ သတင်းများကို အများကြီး ရိုက်ခတ်မှုရှိခဲ့ပြီး မကြာခင်အချိန်တွင် ဒွန်နာရန်မာနှင့်ရီးယဲလ်အသင်းတို့၏ သတင်းများကို   မြင်တွေ့ရဖွယ်ရှိကြောင်း သတင်းများက ရေးသားခဲ့ကြသည်။

ဒွန်နာရန်မာမှာ ၂၀၁၅ ခုနှစ်ကမှ အေစီမီလန်အသင်းကြီးတွင် စတင်ပွဲထွက်ခွင့်ရခဲ့သူဖြစ်ပြီး ပွဲပေါင်း ၇၂ ပွဲပါဝင်ကစားပေးထားသည်။ ၂၀၁၆ ခုနှစ်တွင် အီတလီလက်ရွေးစင်အသင်းကြီး၌ ရွေးချယ်ခံခဲ့ရပြီး ၄ ပွဲကစားထားကာ ဘတ်ဖွန်၏ နေရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required