ကစားသမားနှစ်ဦးကိုပေါင်သန်း ၅၀ နီးပါးအသုံးပြုပြီး အဲဗာတန်အသင်းခေါ်ယူ

ကစားသမားနှစ်ဦးကိုပေါင်သန်း ၅၀ နီးပါးအသုံးပြုပြီး အဲဗာတန်အသင်းခေါ်ယူ

ဇွန် ၁၆၊ လီဗာပူးလ်။           ။ အဲဗာတန်အသင်းသည် ဆန်းဒါးလန်းဂိုးသမား ဂျော်ဒန် ပစ်ဖို့ဒ်နှင့် အိုင်းယက်စ်အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒါဗိုင်း ကလက်ဆန်တို့ကို ပေါင်သန်း ၅၀ နီးပါးအသုံးပြုခေါ်ယူထားသည်။

ပစ်ဖို့ဒ်အတွက် ပေါင် ၂၅ သန်းပေးခဲ့ရသဖြင့် ဈေးအကြီးဆုံးဗြိတိန်ဂိုးသမားဖြစ်လာခဲ့ပြီး စာချုပ်အရ တန်ဖိုးပေါင်သန်း ၃၀ ထိ မြင့်တက်လာနိုင်သည်။

ကလက်ဆန်အတွက် ပေါင် ၂၃ ဒသမ ၆ သန်းပေးခဲ့ရပြီး ငါးနှစ်စာချုပ်ခဲ့သည်။ အသက် ၂၄ နှစ်အရွယ် နယ်သာလန်ကွင်းလယ် ကစားသမားမှာ အိုင်းယက်စ်နှင့်ပွဲထွက်သည့် ၂၀၁၁ ခုနှစ်မှစ၍ ၁၆၃ ပွဲကစား၊ ၄၉ ဂိုးသွင်းယူပြီး အမှတ်ပေးဖလား သုံးကြိမ်ရ ထားသည်။

အသက် ၂၃ နှစ်အရွယ် အင်္ဂလန်ယူ-၂၁ လက်ရွေးစင်ဂိုးသမားပစ်ဖို့ဒ်သည်လည်း ငါးနှစ်စာချုပ်ချုပ်လိုက်ခြင်းဖြစ်သည်။ “ထိပ်သီး ကလပ်တစ်ခုဖြစ်ပြီး သိပ်ကောင်းတဲ့အခွင့်အရေးလည်းဖြစ်ပါတယ်”ဟု ပစ်ဖို့ဒ်ကဆိုသည်။

ကလက်ဆန်ကလည်း အိုင်းယက်စ်ကိုစွန့်ခွာရခက်သော်လည်း အခွင့်ရေးကောင်းတစ်ခုဖြစ်ခဲ့၍ လှမ်းတက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required