ပြည်​မြို ့တွင်​ လျှပ်စစ်​ဓါတ်​ကြိုး ပြတ်​ကျပြီး နွား​လေး​ကောင်​​သေဆုံး

ပြည်​မြို ့တွင်​ လျှပ်စစ်​ဓါတ်​ကြိုး ပြတ်​ကျပြီး နွား​လေး​ကောင်​​သေဆုံး

ပြည်၊ ဇွန် ၁၅ ။               ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇွန်လ ၁၅ ရက်က လျှပ်စစ်ဓါတ်ကြိုး ပြတ်ကျပြီး နွားလေးကောင် သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ ဇွန်လ ၁၅ ရက်၊ မနက် ၈ နာရီအချိန်က ပြည်မြို့ ပြည်-အောင်လံ ကားလမ်းမဘေးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၆၆/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ ရှေ့တွင် ဓာတ်ကြိုး ပြတ်ကျ ပြီး နွား လေးကောင် သေဆုံးခဲ့ခြင်းဖြစ်သည်။

နွားမှ ဓာတ်တိုင်အရင်းမှ Stay ကြိုးကို တိုက်ချခဲ့ပြီး ကြိုးလျော့သွားခဲ့ကာ လျော့သွားသည့် Stay ကြို း နှင့် ဓာတ်တိုင်မှ  ကြေးကြိုး ပွတ်တိုက်မှု ဖြစ်ရာမှ ကြေးကြိုး ပြတ်ကျခဲ့ခြင်း ဖြစ်သည်ဟု ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင်မြင့်အေးက ပြောသည်။

"ဌာနအနေနဲ့ အားနည်းချက်မရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကာယကံရှင်ကို ပြောပြီးသွားပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်းဆိုပါ ။ အပြည့်အဝ ပေးဆပ်မယ်လို့ ပြောထားတယ်"ဟု ၎င်းကဆိုသည်။

သေဆုံးသွားသော နွားများမှာ ရွှေတံခါး မူလ ၁ လမ်းမှ ဒေါ်ချိုပိုင်ဆိုင်သည့် နို့စားနွားမ သုံးကောင် ၊ နွားထီးတစ်ကောင် ဖြစ်ပြီး ကာလတန်ကြေး ငွေကျပ် သိန်း လေးဆယ်ခန့် ရှိသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required