ကန့်ကွက်မှုတွေ ရှိနေလင့်ကစား အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဂျပန် အတည်ပြု

ကန့်ကွက်မှုတွေ ရှိနေလင့်ကစား အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဂျပန် အတည်ပြု

ဇွန် ၁၅ ။           ။ အငြင်းပွားဖွယ် အကြမ်းဖက်မှု တားဆီးရေး ဥပဒေမူကြမ်းတစ်ရပ်ကို ဂျပန် ဥပဒေပြုလွှတ်တော်က အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

သို့သော် ယင်းဥပဒေကြောင့် ပြည်သူများအနေဖြင့် ကိုယ်ရေးကိုယ်တာ အခွင့်အရေးများ နင်းခြေခံရနိုင်သည့်အပြင် ရဲတပ်ဖွဲ့၏ မျက်ခြေမပြတ်စောင့်ကြည့်ခံရမည့် အရေးတို့ဆီ ဦးတည်သွားစေနိုင်ကြောင်း ဝေဖန်သူများက အပြစ်ဖို့ထားသည်။

ယမန်နှစ်က လွှတ်တော်အမတ်များ ညလုံးပေါင်း အကြိတ်အနယ်ဆွေးနွေးအတည်ပြုခဲ့ကြခြင်းနှင့်အတူ အတိုက်အခံဘက်မှလည်း ယင်းကို တားဆီးရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ထောင်နှင့်ချီသော ဆန္ဒပြသူများက ဇွန်လ ၁၅ ရက်တွင် ပါလီမန်အဆောက်အအုံရှေ့တွင် စုရုံး ဆန္ဒပြခဲ့ကြသည်။

အများကို ထိခိုက်စေမည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ရန် ကြံစည်သူများကို ကြိုတင်စုံစမ်းတားဆီးအပြစ်ပေးနိုင်သည့်  ယင်းဥပဒေကို မဖြစ်မနေပြဌာန်းရမည်ဖြစ်ပြီး ယင်းမှသာလည်း လာမယ့် ၂၀၂၀ တိုကျိုအိုလံပစ်မတိုင်မီ အကြမ်းဖက်မှုကို တားဆီးသွားနိုင်မည်ဖြစ်ကြောင်း ဂျပန်အစိုးရက ပြောထားသည်။

ယခု ဥပဒေကြောင့် ရဲများကို လုပ်ပိုင်ခွင့်အာဏာအသစ် ပေးလိုက်ရာ မရောက်ကြောင်း အစိုးရက အာမခံထားသည်။ သို့သော် ယခုဥပဒေကြောင့် အပြစ်မဲ့အရပ်သားများ အာဏာအလွဲသုံးစား ခံလာရနိုင်စရာရှိကြောင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်တို့ကိုပါ ထိခိုက်လာနိုင်ကြောင်း ဝေဖန်သူများက ပြောထားသည်။

" ဒီဥပဒေ ပြဌာန်းလို့လည်း အကြမ်းဖက်မှုက ရှိမလာဘူးလို့ သေချာပေါက်ပြောလို့မှမရတာပဲ" ဟု အသက် ၂၇ နှစ်အရွယ် ဆန္ဒပြသမား ယိုဟိုင် ဆာကာနိုက ပြောသည်။

အကြမ်းဖက်ပြစ်မှုကျူးလွန်ရန် ကြိုတင်စီစဉ်သူများကို အများဆုံး ထောင်ငါးနှစ်ထိ ချမှတ်နိုင်သည့် ယင်းဥပဒေကို ပြဌာန်းခြင်းဖြင့် ၂၀၀၀ ပြည့်နှစ်က နိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့သည့်   နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတားဆီးရေး ကုလစာချုပ်အတိုင်း အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း အစိုးရက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required