X-Men ဇာတ်ကားသစ်တွင် ဗီလိန်ဇာတ်ကောင်နေရာမှပါ၀င်ရန် ဂျက်ဆီကာချက်စတိန်း ဆွေးနွေး

X-Men ဇာတ်ကားသစ်တွင် ဗီလိန်ဇာတ်ကောင်နေရာမှပါ၀င်ရန် ဂျက်ဆီကာချက်စတိန်း ဆွေးနွေး

အမေရိကန်မင်းသမီး ဂျက်ဆီကာချက်စတိန်းသည် Fox မှ ထုတ်လုပ်မည့် X- Men ဇာတ်ကားသစ်ဖြစ်သော “Dark Phoenix” တွင် ဗီလိန်အဖြစ် သရုပ်ဆောင်ပြီး ဂျနီဖာလောရင့်စ်၊ မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ဂျိမ်းမက်အဗွိုင်း ဆိုဖီတာနာ၊ နစ်ကိုးလပ်စ်ဟော့တ်တို့နှင့်အတူ တွဲဖက်ရိုက်ကူးနိုင်ရန် ဆွေးနွေးလျက်ရှိသည်။

Fox ကုမ္ပဏီက အဆိုပါဇာတ်လမ်းကို ဆိုင်မွန်ကင်ဘာ့ဂ်မှ ကိုယ်တိုင်ရေးသား၍ ရိုက်ကူးမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။ ဆိုင်မွန်သည် “X-Men: Apocalypse” နှင့် “X-Men: Days of Future Past” တို့ကို ရေးသားထုတ်လုပ်သူအဖြစ် လူသိများသူဖြစ်သည်။

ဂျက်ဆီကာချက်စတိန်းသည် မကြာသေးခင်ကမှ ဒုတိယကမ္ဘာစစ် ဒရာမာဇာတ်ကား The Zookeeper’s Wife နှင့် နိုင်ငံရေးဒရာမာဇာတ်ကား Miss Sloane တို့တွင် ပါဝင်သရုပ်ဆောင်ထားသည်။

“Dark Phoenix” ဇာတ်ကားကို မွန်တရီရယ်၌ ရိုက်ကူးမည်ဖြစ်ပြီး ဆိုင်မွန်ကင်ဘာ့ဂ်သည် ဟုချ်ပါကာနှင့် လော်ရန်ရှုလာဒိုနာတို့နှင့်အတူ တွဲဖက်ထုတ်လုပ်မည်ဖြစ်သည်။

Fox သည် လွန်ခဲ့သော ဧပြီလက လာမည့် ၂၀၁၈ ခုနှစ်တွင် ပြသရန်စီစဉ်ထားသော ဇာတ်ကားသုံးကားကို ကြေညာခဲ့ပြီး ထိုဇာတ်ကားများမှာ ၂၀၁၈ ဇွန်လ ၁ရက်နေ့တွင် ပြသမည့် Deadpool 2 ၊ ၂၀၁၈ ဧပြီ ၁၃ရက် နေ့တွင် ပြသည့် The New Mutants နှင့် ၂၀၁၈ နိုဝင်ဘာ ၂ရက်နေ့တွင် ရုံတင်ပြသမည့် Dark Phoenix ဇာတ်ကားများ ဖြစ်သည်။

Dark Phoenix ဇာတ်ကားကို ၁၉၇၆နှင့် ၁၉၇၇ အတွင်း ထွက်ရှိခဲ့သော ရုပ်ပြဇာတ်လမ်းတွဲများဖြစ်သည့် Uncanny X-Men ကို အခြေခံကာ ဇာတ်အိမ်တည်ထားမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly