Shop.com.mm

အသုံးစရိတ်ကို ဘယ်လို လျှော့ချမလဲ

.

မင်္ဂလာပါ။

ကျွန်တော် ကျော်နိုင်ပါ။ ရန်ကုန်မြို့ကြီးမှာ နေ့စဉ် အသုံးစရိတ်တွေက အခုချိန်မှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတအောင် မြင့်မားလျက် ရှိပါတယ်။ ဒီလို မြင့်မားလာတဲ့ အသုံးစရိတ်တွေကြားထဲမှာမှ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေ မျှတအောင် ဘယ်လို နည်းလမ်းလေးတွေနဲ့ လျှော့ချမလဲဆိုတာကို ကျွန်တော်သူငယ်ချင်းတွေကို လိုက်မေးကြည့်လိုက်ပါဦးမယ်။

ကျွန်တော်ကတော့ ၁၀ တန်းဖြေထားတာပါ။ ကျောင်းသာတစ်ယောက်ပေါ့။ တက္ကသိုလ်တက်မယ့် ကျောင်းသားတစ်ယောက်အနေနဲ့   လျှော့ချသင့်တာလေးတွေ ရှိတယ်။ ကျွန်တော် နေ့တိုင်း Drum သွားသွားတီးတယ်။ အဲဒါက တစ်နေ့ကို ၂၀၀၀ လောက်ကုန်တယ်။ အဲဒီအစား ကျွန်တော် ၁၅၀၀ ဖိုးလောက် လျှော့လိုက်ရင် ၅၀၀ လောက် လျှော့ချမယ်။ အဲလိုမျိုးဆိုရင် ကိုယ်လိုချင်တာလေးတွေလည်း ဝယ်လို့ရတယ်။ မိဘပိုက်ဆံကိုလည်း လျှော့ချတာပေါ့။

 

 

သင်တန်းကို အရင်တုန်းက Taxi နဲ့သွားတယ်။ အခုဆိုလို့ရှိရင် လိုင်းကားနဲ့ပဲ သွားတယ်။ အသုံးစရိတ်ကို လျှော့ချတဲ့အနေနဲ့ပေါ့နော်။

 

 

 

 

တစ်နေ့တာ အသုံးစရိတ်ကို လျှော့ချရမယ်ဆိုရင် ကျွန်တော်က ကျောင်းသားပေါ့နော်။ ကျောင်းသားဆိုတော့ ကျူရှင်တို့ဘာတို့က ပြန်လာလို့ရှိရင် ဂိမ်းဆော့ဖြစ်တယ်။ ဒါပေမယ့် အဲဒီ ဂိမ်းဆော့မယ့်အစား ကျောင်းအတွက် လိုအပ်တာလေးတွေ ဝယ်မယ်ဆိုရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။

 

 

 

ညီမက ဗိုက်ခဏခဏဆာတော့ City Mark တို့ဘာတို့မှာ ဟော့ပေါ့တို့ဘာတို့ ဈေးကြီးတာမှမဟုတ်ဘူး တွေ့တဲ့ဆိုင်မှာ အဆာပြေ ဝင်စားဖြစ်တယ်။ ဟော့ပေါ့တို့ဘာတို့ ဈေးကြီးတာ စားမယ့်အစား တွေ့တဲ့ဆိုင်မှာ အဆာပြေ စားပြီးတော့ပဲ ပိုက်ဆံကို စုပါတယ်။

 

 

 

ကျွန်တော်ရဲ့ အသုံးစရိတ်ကတော့ အရင်တုန်းကတော့ ဆေးလိပ်ကို တစ်နေ့ကို တစ်ဗူးလောက် ကုန်အောင်သောက်တယ်။ ကျွန်တော် အခုရက်ပိုင်းတော့ တော်တော်ကို လျှော့ပါတယ်။ ငါးလိပ် ခြောက်လိပ်လောက်ပဲ သောက်ပါတော့တယ်။

 

 

 

ညီမတို့ကတော့ မြန်မာနိုင်ငံသားတွေဆိုတော့ များသောအားဖြင့် ချဉ်စပ် ကြိုက်ကြတာပေါ့။ ချဉ်စပ်ကြိုက်တယ်ဆိုတော့ ညီမတို့က နေ့စဉ်နေ့တိုင်း ချဉ်စပ်တွေ ဝယ်စားနေမယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ အဲဒါကြောင့်မို့ ညီမက အဲလိုမျိုး တစ်နေ့လောက် နေလိုက်တာပေါ့။ ပြီးတော့ ဖုန်းဆိုရင်လည်း အမြဲတမ်း ညီမတို့က အင်တာနက် သုံးတယ်လေ။ အင်တာနက်သုံးတယ်ဆိုတော့ တစ်နေ့လောက် အင်တာနက် လျှော့သုံးခြင်းဖြင့် လျှော့ချပါတယ်။

 

 

 

ကဲ အခု ကျွန်တော်သူငယ်ချင်းတွေကတော့ သူတို့ရဲ့ လျှော့ချနိုင်တဲ့ နည်းလမ်းလေးတွေကို ပြောပြသွားခဲ့ပြီဖြစ်ပါတယ်။ သူငယ်ချင်းတို့ကလည်း သူငယ်ချင်းတို့ရဲ့ နည်းလမ်းတွေကို ပြောပြချင်တယ်ဆိုရင် ကျွန်တော်တို့ရဲ့ YOPE Facebook နဲ့ YOPE Website တွေမှာ လာပြီးတော့ Share ခဲ့ပေးပါဦး။