နည်းပြချုပ်ကလော့ပွဲကို ဆောက်သမ်တန်အသင်းထုတ်ပယ်

နည်းပြချုပ်ကလော့ပွဲကို ဆောက်သမ်တန်အသင်းထုတ်ပယ်

ဇွန် ၁၅၊ ဆောက်သမ်တန်။           ။ ဆောက်သမ်တန်နည်းပြကလော့ပွဲသည် ရာထူးမှထုတ်ပယ်ခံလိုက်ရပြီဖြစ်သည်။ ပြင်သစ်လူမျိုးမှာ အသင်းကိုတစ်ရာသီသာ ကိုင်တွယ်ပြီးနောက် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ဆောက်သမ်တန်အသင်းအကြီးအကဲများသည် ယမန်နှစ်နွေကမှစာချုပ်ခဲ့ပြီး သက်တမ်းနှစ်နှစ်ကျန်သေးသည့် ကလော့ပွဲကို ရာသီကုန်သုံးသပ်ချက်ပြုလုပ်ပြီးနောက် လျော်ကြေးတစ်ရပ်ဖြင့် ထုတ်ပယ်ခဲ့သည်။

ကလော့ပွဲသည် ဆောက်သမ်တန်အသင်းကို EFL ဖလားဗိုလ်လုပွဲသို့ပို့ဆောင်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့် ၈ ရအောင် လည်းစွမ်းဆောင်နိုင်ခဲ့သည်။

အသင်းမှ လူငယ်ကစားသမားအချို့ကို တိုးတက်လာအောင်လုပ်ပေးနိုင်ခဲ့၍ ရာထူးနေရာ စိတ်ချရမည်ဟု ၎င်းကမျှော်လင့်ခဲ့သော် လည်း ပရိသတ်များနှင့် ကစားသမားများကို ဆုံးရှုံးရခြင်းကြောင့် ပေးဆပ်လိုက်ရခြင်းဖြစ်သည်။

အိမ်ကွင်းတွင် စတုခ်နှင့် ကစားသည့်ရာသီပိတ်ပွဲတွင် ဆောက်သမ်တန်နှင့် ကလော့ပွဲကိုပရိသတ်များကလှောင်ပြောင်ခဲ့ကြပြီး ယင်းပွဲရလဒ်မှာ ရာသီကုန်ခါနီး အိမ်ကွင်းနောက်ဆုံးငါးပွဲဆက် ဂိုးမသွင်းနိုင်သည့် မှတ်တမ်းကိုလည်း ရရှိစေခဲ့သည်။

“နည်းပြကလော့ပွဲရဲ့စာချုပ်ကို အဆုံးသတ်လိုက်ပါပြီ။ အသင်းအတွက်ကလော့ပွဲစွမ်းဆောင်ပေးခဲ့သမျှကို ကျေးဇူးတင်နေမှာပါ။ နည်းပြအဖွဲ့သစ်ကိုရှာနေပါပြီ။ အသင်းရဲ့ရေရှည်စီမံကိန်းနဲ့သင့်တော်အောင် ရှာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ဆောက်သမ်တန်အသင်းက ကြေညာခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required