ပဥ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပနေ

ပဥ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ကျင်းပနေ

ရန်ကုန်၊ ဇွန် ၁၅ ။           ။ ပဉ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို ရန်ကုန်မြို့ ဝဇီရာရုပ်ရှင်ရုံတွင် ဇွန် ၁၄ ရက် ညနေ ၆နာရီက ကျင်းပခဲ့ပြီး  ဇွန်လ ၁၅ရက်က နေ ၁၈ရက်ထိ ပြသမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံမှ ဒါရိုက်တာတွေနဲ့ နိုင်ငံတကာ ဒါရိုက်တာတွေရဲ့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တွေ ပါဝင် ပသမှာဖြစ်ပြီး ဇာတ်လမ်းတိုရုပ်ရှင် ၅၄ကား နဲ့ နိုင်ငံတကာ မှတ်တမ်းရုပ်ရှင် ၁၂ကား၊ စုစုပေါင်း ၆၄ကားကို ဝဇီရာရုပ်ရှင်ရုံ နှင့် Junction City တို့တွင် အခမဲ့ ပြသမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူး ပါဝင်ယှဉ်ပြိုင်နေကြတာလည်း ဖြစ်ပါတယ်။ နံနက် ၁၀ နာရီ၊ ၁၂ နာရီ ၄၅၊ ၃နာရီခွဲ၊ ၆ နာရီ ၁၅ ၊ ၉ နာရီ အစရှိသည်ဖြင့် တစ်ရက်လျှင် ၅ ကြိမ်ဖြင့် ရုပ်ရှင်တွေကို ပြသသွားမှာပါ။

ပဉ္စမအကြိမ် လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဖွင့်ပွဲကို မြန်မာနိုင်ငံဆိုရာ နိုင်ငံတကာသံရုံးက တာဝန်ရှိသူတချို့နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ မှတ်တမ်းရုပ်ရှင်ပါဝင်ယှဉ်ပြိုင်တဲ့သူတွေနဲ့ စိတ်ဝင်စားတဲ့သူတွေ လာရောက်ခဲ့ပါတယ်။

အဲ့ဒီ့ရုပ်ရှင်ပွဲတော်ကို အမေရိကန်သံရုံး၊ ယူနီဆပ်၊ ဆွီဒင်သံရုံး၊ ဗြိတိသျှသံရုံး ကပံ့ပိုးပေးထားပြီး MRTV၊ VOA၊ Mizzima တို့က မီဒီယာပါတနာအဖြစ် ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်ကို၂၀၁၃ ခုနှစ်က ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ မြန်မာနိုင်ငံတွင် စတင်ကျင်းပခဲ့ပြီး ယခု ပဉ္စမအကြိမ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required