လင်ဒီလော့ဖ်ကို ပေါင် ၃၀ ဒသမ ရ သန်းဖြင့် မန်ယူအသင်းခေါ်ယူ

လင်ဒီလော့ဖ်ကို ပေါင် ၃၀ ဒသမ ရ သန်းဖြင့် မန်ယူအသင်းခေါ်ယူ

ဇွန် ၁၅၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဘက်ဖီကာနောက်ခံလူ ဗစ်တာ လင်ဒီလော့ဖ်ကို ဆေးစစ်မှုအောင်မြင်ပြီးနောက် စာချုပ် လိုက်ပြီဖြစ်သည်။

ယူနိုက်တက်ကို ပေါင် ၃၀ ဒသမ ၇ သန်းကုန်ကျစေခဲ့သည့် လင်ဒီလော့ဖ်သည် ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းကရောက်ရှိလာပြီးနောက် လေးနှစ်စာချုပ်ချုပ်လိုက်ခြင်းဖြစ်သည်။

အသက် ၂၂ နှစ်အရွယ်ကစားသမားမှာ မော်ရင်ဟို၏ ကာလရှည်ပစ်မှတ်တစ်ဦးဖြစ်ပြီး အသင်းသို့ခေါ်ယူရန် ဇန်နဝါရီလတွင် ဆုံးဖြတ်ခဲ့သည်။

ဆွီဒင်လက်ရွေးစင်ကစားသမားက ၎င်း ၂၀၂၁ ထိကစားရမည့် အိုးထရက်ဖို့ဒ်သို့ရောက်လာခြင်းအတွက် ပျော်ရွှင်မှုကို ထုတ်ဖော် ပြောဆိုခဲ့သည်။ ဘင်ဖီကာအသင်းအနေဖြင့်လည်း ထပ်ဆောင်းကြေး ပေါင် ၈ ဒသမ ၈ သန်း ထပ်ရဦးမည်ဟု ယူဆရသည်။

ယူနိုက်တက်ဝက်ဘ်ဆိုက်နှင့်အင်တာဗျူးတွင် လင်ဒီလော့ဖ်က “မန်ချက်စတာယူနိုက်တက်ကိုရောက်လာခဲ့လို့ ကျွန်တော် အပျော်လွန်နေပါတယ်။ ဘင်ဖီကာမှာရှိခဲ့တဲ့အချိန်တွေကိုလည်း အားရကျေနပ်ခဲ့ပြီး အဲဒီမှာအများကြီးသင်ယူခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ အိုးထရက်ဖို့ဒ်မှာ မော်ရင်ဟိုအတွက် ပရီးမီးယားလိဂ်ပွဲတွေကစားပေးဖို့ပဲ အာရုံစိုက်ပါတော့မယ်။ ဖလားတွေပိုရအောင် အသင်းရဲ့ကြိုးပမ်းမှုမှာ တစ်တပ်တအားပါဝင်ဖို့ ဆန္ဒပြင်းပြနေပါတယ်”ဟု ပြောသည်။

လင်ဒီလော့ဖ်အနေဖြင့် ယူနိုက်တက်၏ နွေရာသီအမေရိကခရီးစဉ်တွင် အသင်းဖော်သစ်များနှင့်ပူးပေါင်းခွင့်ရမည်ဖြစ်သည်။ ယင်း ကစားသမားမှာ လာမည့်ရာသီချန်ပီယံလိဂ်ကစားရမည့် ယူနိုက်တက်၏ခံစစ်ကို ပိုမိုခိုင်မာအောင်အားဖြည့်မှုဖြစ်လာမည်ဟု မော်ရင်ဟိုက ယုံကြည်နေသည်။

“ဗစ်တာဟာ ယူနိုက်တက်နဲ့ ရှေ့အလားအလာကောင်းတဲ့ ထူးချွန်လူငယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြီးခဲ့တဲ့ရာသီဟာ အသင်းမှာ ရွေးချယ်စရာနဲ့ အရည်အသွေးပိုင်းထပ်ဖြည့်ဖို့လိုတယ်လို့ ပြသခဲ့ပါတယ်။

ဗစ်တာကတော့ ဒီနွေမှာ ပထမဆုံး ကျွန်တော်တို့ဆီရောက်လာတဲ့ကစားသမားပါ။ ကျွန်တော်တို့ရဲ့ ထူးချွန်ကစားသမားအစု အဖွဲ့က သူ့ကိုကြိုဆိုကြမယ်ဆိုတာ ကျွန်တော်သိပါတယ်”ဟု မော်ရင်ဟိုက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required