၂၀၁၇-၁၈ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များ ထွက်ပေါ်

၂၀၁၇-၁၈ အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များ ထွက်ပေါ်

ပွဲစဉ် ၁ တွင် ချန်ပီယံချယ်လ်ဆီးအသင်း ဘန်လေနှင့် ရင်ဆိုင်ရမည်

 

၂၀၁၇-၁၈ ခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။ လာမည့်နှစ် ပရီးမီးယားလိဂ်ပွဲစဉ်များကို သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်ကစားမည်ဖြစ်ပြီး ချန်ပီယံချယ်လ်ဆီးအသင်းမှာ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ချ်တွင် ဘန်လေအသင်းနှင့်ကစားရမည် ဖြစ်သည်။

နည်းပြကွန်တီ၏အသင်းမှာ ဒုတိယပွဲစဉ်တွင်မူ ယမန်နှစ်က ဒုတိယရခဲ့သည့် လန်ဒန်မြို့ခံပြိုင်ဘက် စပါးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ စပါးအသင်းမှာ အဖွင့်ပွဲတွင် ချန်ပီယံရှစ်ချန်ပီယံ နယူးကာဆယ်နှင့်အဝေးကွင်းတွင်ကစားရမည် ဖြစ်သည်။

နည်းပြမော်ရင်ဟို၏ မန်ယူအသင်းမှာ အိမ်ကွင်းအိုးထရက်ဖို့ဒ်၌ ဝက်စ်ဟမ်းနှင့် အဖွင့်ပွဲစဉ်ကစားရမည် ဖြစ်ပြီး မန်စီးတီးမှာ အဝေးကွင်းတွင် တန်းတက်ဘရိုက်တန်နှင့် ကစားရမည် ဖြစ်သည်။

အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုပြီး စာမျက်နှာသစ်ဖွင့်လှစ်မည့် နည်းပြအာစင်ဝင်းဂါးမှာ ပထမဆုံးအဖွင့်ပွဲတွင် လက်စတာအသင်းကို အိမ်ကွင်းအမ်းမရိတ်၌ လက်ခံကစားရမည် ဖြစ်သည်။

ယမန်နှစ်က အဆင့်လေးရခဲ့သော လီဗာပူးလ်အသင်းမှာ ဝက်ဒ်ဖို့ဒ်နှင့်အဝေးကွင်းတွင် ကစားရမည် ဖြစ်ပြီး ကျန်ပွဲစဉ်များတွင် ပဲလေ့စ်နှင့်ဟက်ဒါဖီးလ်၊ အဲဗာတန်နှင့်စတုခ်စီးတီး၊   ဆောက်သမ်တန်နှင့်ဆွမ်ဆီး၊ ဝက်စ်ဘရွန်းနှင့်ဘုန်းမောက်တို့ တွေ့ဆုံလျက်ရှိသည်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံတွင် ဇွန်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်သောကြောင့်  ၂၀၁၇-၁၈ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယခင်နှစ်များကထက် အချိန်စော၍ ကစားခြင်းဖြစ်သည်။ လာမည့်နှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

ပရီးမီးယားလိဂ် ပွဲစဉ်(၁)

------------------------

ချယ်လ်ဆီး - ဘန်လေ

အာဆင်နယ် - လက်စတာ

ဘရိုက်တန် - မန်စီးတီး

ပဲလေ့စ် - ဟက်ဒါဖီးလ်

အဲဗာတန် - စတုခ်စီးတီး

မန်ယူ - ဝက်စ်ဟမ်း

နယူးကာဆယ် - စပါး

ဆောက်သမ်တန် - ဆွမ်ဆီး

ဝက်ဖို့ဒ် - လီဗာပူးလ်

ဝက်စ်ဘရွန်း - ဘုန်းမောက်

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly