ဘင်္ဂလားဒေ့ရှ်တွင် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၁၃၇ ဦးထိရှိလာ

ဘင်္ဂလားဒေ့ရှ်တွင် မြေပြိုမှုများကြောင့် သေဆုံးသူဦးရေ ၁၃၇ ဦးထိရှိလာ

ဇွန် ၁၄ ။                     ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် သေဆုံးသူဦးရေမှာ ယခုအချိန်တွင် ၁၃၇ ဦးထိရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ယခုထက်ထိ ဒါဇင်ပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးသမားများမှာလည်း ဝေးလံခေါင်းပါးသော အရပ်ဒေသများကို သွားရောက်ကယ်ဆယ်နိုင်ရန် ခက်ခဲနေလျက်ရှိသည်။

ဇွန်လ ၁၃ ရက်အစောပိုင်းက နိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒေသခံများ အိပ်မောကျနေချိန် မြေပြိုမှုများကြောင့် တောင်စောင်းများထက်ရှိ နေအိမ်ရာနှင့်ချီ ရွှံ့နွံများအောက် ဖုံးလွှမ်းခံလိုက်ရကြောင်း အာဏာပိုင်များက ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်က နိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် မုတ်သုံမိုး သည်းထန်ခဲ့ပြီးနောက် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

အဆိုးရွားဆုံး ထိခိုက်ခဲ့သည့် Rangamati ဒေသသို့ ရောက်ရှိသွားခဲ့သည့် မီးသတ်သမားများ၏ အဆိုအရ ပြီးခဲ့သည့် ဇွန် ၁၃ ရက်က ရွှံနွှံများအောက်မှ ၁၈ ဦးကို ဆွဲထုတ်ခဲ့ရသည်ဟု ဆိုသည်။

" မိုးကလည်း ခုထက်ထိ သည်းနေသေးတော့ တစ်ချို့ဝေးတဲ့နေရာတွေဆို ကျွန်တော်တို့ မသွားနိုင်သေးဘူး၊ ဒါကြောင့် အားလုံးကို ရှာမတွေ့သေးပါဘူး" ဟု ဒေသ မီးသတ်တပ်ဖွဲ့အကြီးအကဲ Didarul Alam က ပြောသည်။

ပြီးခဲ့သည့်လကလည်း အဆိုပါနိုင်ငံတွင် ယခုကဲ့သို့ မိုးကြီးပြီး မြေပြိုရေကြီးမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required