မန်ချက်စတာမြို့၏ ဂုဏ်ထူးဆောင်မြို့သူအဖြစ် ချီးမြှင့်ခံရတော့မည့် အာရီရာနာဂရန်ဒီ

မန်ချက်စတာမြို့၏ ဂုဏ်ထူးဆောင်မြို့သူအဖြစ် ချီးမြှင့်ခံရတော့မည့် အာရီရာနာဂရန်ဒီ

အမေရိကန်ပေါ့ပ်အဆိုတော် အာရီရာနာဂရန်ဒီကို မန်ချက်စတာမြို့၏ ဂုဏ်ထူးဆောင်မြို့သူအဖြစ် ချီးမြှင့်ရန် မြို့တော်ကောင်စီမှ အစီအစဉ်များ ရေးဆွဲလျက်ရှိသည်။

မြိ့တော်ကောင်စီသည် မန်ချက်စတာမြို့၏ ဂုဏ်ထူးဆောင်မြို့သူ၊မြို့သားအဖြစ် ချီးမြှင့်မည့် အစီအစဉ်တွင် စနစ်အသစ်များကို အဆိုပြုနေသည်။

အာရီရာနာသည် မေလ ၂၂ရက်နေ့က မန်ချက်စတာမြို့၌ ပြုလုပ်ခဲ့သော သူမ၏ဖျော်ဖြေပွဲအတွင်း အသေခံဗုံး ဖောက်ခွဲခံရမှုကြောင့် သေဆုံးသွားခဲ့သူ ပရိသတ် ၂၂ဦးနှင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် ရည်ရွယ်၍ One Love Manchester ဟု အမည်ရသော ရန်ပုံငွေဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ထို့အတွက် သူမကို ယခုလို ဂုဏ်ထူးဆောင်မြို့သူ အဖြစ် ချီးမြှောက်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

ဇွန်လ ၄ရက်နေ့က အိုးထရက်ဖို့ဒ် ခရစ်ကတ်ကစားကွင်း၌ ကျင်းပခဲ့သော ထိုရန်ပုံငွေပွဲသို့ ပရိသတ် ၅သောင်း ခန့် လာရောက်ကြည့်ရှုခဲ့ပြီး ရန်ပုံငွေ စတာလင်ပေါင် ၃သန်းခန့် ရရှိခဲ့သည်။

မြို့တော်ကောင်စီ၏ ခေါင်းဆောင်ဖြစ်သူ ဆာရစ်ချက်လက်စီက “လူအများအပြားက ဂရန်ဒီကို ဂုဏ်ထူးဆောင် မန်ချက်စတာမြို့သူအဖြစ် ချီးမြှင့်ပေးရန် စဉ်းစားနေကြပါတယ်။ ဒါကြောင့် ကျနော်တို့မြို့အပေါ် မှာ စိတ်ကောင်း စေတနာကောင်းနဲ့ ဆောင်ရွက်ခဲ့သူတွေကို ဂုဏ်ပြုပေးဖို့ လုပ်နေတဲ့အစီအစဉ်နဲ့ အချိန်ကိုက်ပဲ ဖြစ်သွားပါတယ်” ဟု ပြောခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly