NLD နာယက သူရဦးတင်ဦးထံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်တွေ့ဆုံ

NLD နာယက သူရဦးတင်ဦးထံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်တွေ့ဆုံ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ ဇွန် ၁၄ ။           ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး နှလုံးကုသဆောင်တွင် တက်ရောက်ဆေးကုသနေသည့် NLD နာယက သူရဦးတင်ဦးထံ ဒုတိယအကြိမ်မြောက် လာရောက်တွေ့ဆုံခဲ့သည်။

ယနေ့ ဇွန် ၁၄ရက်တွင် ကနေဒါနိုင်ငံ နှင့် ဆွီဒင်နိုင်ငံတို့မှ အပြန် လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နိုင်ငံခြားခရီးစဉ် မသွားရောက်မီ ဇွန်လ ၃ ရက်ကလည်း လာရောက်တွေ့ဆုံခဲ့သေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန် ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနဲ့ တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိ ကျန်းမာရေးတိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

လက်ရှိ နှလုံးကုသဆောင်တွင် တက်ရောက်နေရသည့် NLD နာယက သူရဦးတင်ဦး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် ယခုလ (ဇွန်လ) ကုန်တွင် ဆေးရုံမှ ဆင်းနိုင်တော့မည်ဟု ခန့်မှန်ထားကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကို က မဇ္ဈိမသို့ ပြောကြားထားသည်။

" ဒီလကုန်လောက်တော့ ဆင်းနိုင်မယ်ထင်ပါတယ်” ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ်ရောဂါခံစားရသည့်အတွက် မေလ ၁၈ ရက်ကစပြီး ဆေးဝါးကုသမှုခံယူနေခြင်းဖြစ်သည်။ သူရဦးတင်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်မှာ ၂၈ ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly