အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြေပြိုမှုကြောင့် ၁၁ ဦးသေဆုံး၊ နေအိမ် ၄၈ လုံး ပျက်စီး

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြေပြိုမှုကြောင့် ၁၁ ဦးသေဆုံး၊ နေအိမ် ၄၈ လုံး ပျက်စီး

ဇွန် ၁၄ ။              ။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ မြေပြိုမှုတွေကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရကြောင်းနဲ့ နေအိမ် ၄၈ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ် မြို့တော် Aizawl ရှိ Zemabawk အရပ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် Tlabung ဒေသခွဲတို့မှာ ပြီးခဲတဲ့ ဇွန်လ ၁၂ ရက်ကတည်းက မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် မြေပြိုကျမှုဖြစ်ပြီး နေအိမ်တွေ ပြိုကျပျက်စီးခဲ့သလို လူပေါင်း ၁၁ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ပြည်နယ်တွင်း နေရာစုံမှာ ဖြစ်ခဲ့တဲ့ ယင်းမြေပြိုမှုကြောင့် နေအိမ် ၄၈ လုံးထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း  ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာန တာဝန်ရှိသူတွေကလည်း ဇွန်လ ၁၃ ရက်မှာ ပြောကြားပါတယ်။

ဇွန်လ ၁၃ ရက်က Zemabawk မှာ မြေပြိုမှုကြောင့် နေအိမ်နှစ်လုံး ပြိုပျက်ခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကြောင်း၊ နောက်တစ်ဦးလည်း ပျောက်ဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။

အဆက်မပြတ်ရွာသွန်းခဲ့တဲ့ မိုးကြောင့် မီဇိုရမ်ပြည်နယ်က နေရာဒေသတော်တော်များများမှာ ခုလို မြေပြိုမှုတွေနဲ့အတူ အဝေးပြေးကားလမ်းတွေလည်း ပိတ်ဆို့သွားခဲ့တယ်လို့လည်း သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required