တရုတ်ပြည်၌ တစ်ရက်အတွင်း တစ်သန်းကျော်ဖိုးရောင်းချခဲ့ရသည့် G-Dragon ၏ တစ်ကိုယ်တော်သီချင်းခွေ

တရုတ်ပြည်၌ တစ်ရက်အတွင်း တစ်သန်းကျော်ဖိုးရောင်းချခဲ့ရသည့် G-Dragon ၏ တစ်ကိုယ်တော်သီချင်းခွေ

တောင်ကိုရီးယားပေါ့ပ်အဆိုတော် G-Dragon သည် မကြာသေးခင်ကမှ သူ၏တစ်ကိုယ်တော် သီချင်းခွေကို ထွက်ရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ အောင်မြင်မှုစံချိန်များ ရရှိနေကာ အထူးသဖြင့် တရုတ်ပြည်တွင် စံချိန်သစ်များ တင်နိုင်ခဲ့ကာ အောင်မြင်ခဲ့သည်။

တရုတ်ပြည်၏ အကြီးမားဆုံး သီချင်းထုတ်လွှင့်သော ဝက်ဘ်ဆိုက် QQ Music ၏ အဆိုအရ G-Dragon ၏ သီချင်းခွေသစ် ‘Kwon Ji Yong’ သည် တစ်ရက်အတွင်း ၁.၂၆ ဘီလျံဝမ် ( ၁.၁၂ မီလျံဒေါ်လာ) တန်ဖိုးခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ ထိုအယ်လ်ဘမ်သည် စတင်ရောင်းချသည့် ပထမဦးဆုံးရက်အတွင်း အချပ်ရေ ၇၆၂၀၀၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ဒါ့အပြင် G-Dragon ၏ သီချင်းခွေသစ်သည် ဇွန်လ ၁၂ရက်နေ့အထိ QQ Music မှတဆင့် အချပ်ရေ ၉၃၉,၀၀၀ ခွေခန့် ရောင်းချခဲ့ရပြီး မကြာမီတွင် အချပ်ရေ တစ်သန်းခန့်အထိ ရောင်းချနိုင်မည့် အလားအလာများရှိနေသည်။ အဆိုပါဒစ်ဂျစ်တယ် အယ်လ်ဘမ်သည် ရောင်းအားအကောင်းဆုံး သီချင်းခွေဆယ်ခုအတွင်းသို့ ဝင်ရောက်လာ ခဲ့သည်။

လက်ရှိအချိန်တွင် G-Dragon သည် တောင်ကိုရီးယား သီချင်းဇယားများတွင် သူ၏ သီချင်းသစ် Untitled, 2014 ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး အဆိုပါဇယား၏ နံပါတ်တစ်နေရာ၌ အချိန်ကြာမြင့်စွာ ဆက်လက်ရပ် တည်နိုင်မည့် အလားအလာကောင်းများရှိနေသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly