ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာမှ ခါဘာ ဆက်လက် ဦးဆောင်၊ အဆင့် (၁၀) ပြင်ပကို ရောက်ရှိသွားတဲ့ မူဂူရူဇာ

ကမ္ဘာ့အဆင့် ထိပ်ဆုံးနေရာမှ ခါဘာ ဆက်လက် ဦးဆောင်၊ အဆင့် (၁၀) ပြင်ပကို ရောက်ရှိသွားတဲ့ မူဂူရူဇာ
ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ် ခါဘာ။ (ဓာတ်ပုံ - အီးပီအေ)
 

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာက ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

မကြာသေးခင်က ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရိုမေးနီးယားမှ ဆီမွန်နာ ဟာလက်ပ်ကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း ချန်ပီယံဆုဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားခဲ့တဲ့ လတ်ဗီယားတင်းနစ်မယ် ဂျာလီနာ အော့စ်တာပင်ကိုဟာ အဆင့် ၃၅ မှ အဆင့် ၁၂ ထိ တစ်ဟုန်ထိုး တက်လာတာကြောင့် ထိပ်ဆုံး အဆင့် (၁၀)အတွင်း ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

ကမ္ဘာ့အဆင့် ၁၂ နေရာက လတ်ဗီယားတင်းနစ်မယ် ဂျာလီနာ အော့စ်တာပင်ကို။ (ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်အိုးပင်း ဆုဖလား ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ခဲ့တဲ့ စပိန်တင်းနစ်မယ် မူဂူရူဇာကတော့ ထိပ်ဆုံး အဆင့် (၁၀) ပြင်ပကို ရောက်ရှိသွားပြီး အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

ပဲရစ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရိုမေးနီးယားမှ ဟာလက်ပ်ဟာ အဆင့် ၄ နေရာထိ ကျဆင်းသွားတဲ့ အမေရိကန်မှ ဆရီနာဝီလျံရဲ့ အဆင့် ၂ နေရာကို အစားထိုးဝင်ရောက်လာပြီး ချက်မှ ပလစ်ဆကိုဗာကတော့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

ထိပ်ဆုံး အဆင့် (၁၀) ပြင်ပကို ရောက်ရှိသွားတဲ့ စပိန်တင်းနစ်မယ် မူဂူရူဇာ။ (ဓာတ်ပုံ - အီးပီအေ)

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ၇,၀၃၅
၂) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၆,၈၅၀
၃) ပလစ်ဆကိုဗာ (ချက်) ၆,၆၉၀
၄) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ၄,၈၁၀
၅) အလီနာ ဆဗီလီနာ(ယူကရိန်း) ၄,၇၆၅
၆) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၄,၄၂၀
၇) ကယ်ရိုလိုင်း ဝိုဇ်နီယာကီ (ဒိန်းမတ်) ၄,၃၄၅
၈)  ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၃၃၀
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၃၁၀
၁၀) ရစ်ဝမ်စ်ကာ (ပိုလန်) ၃,၉၈၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required