ပြင်သစ်အိုးပင်း ဆုဖလားကိုင်မြောက်ပြီးနောက် ကမ္ဘာ့အဆင့် ၂ နေရာကို နဒါးလ် ပြန်ရောက်လာ၊ မာရေး အဆင့် ၁ နေရာမှာ ရပ်တည်ဆဲ

ပြင်သစ်အိုးပင်း ဆုဖလားကိုင်မြောက်ပြီးနောက် ကမ္ဘာ့အဆင့် ၂ နေရာကို နဒါးလ် ပြန်ရောက်လာ၊ မာရေး အဆင့် ၁ နေရာမှာ ရပ်တည်ဆဲ
ဇွန် ၁၁ ရက်နေ့က ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ ဝေါ်ရီကာကို အနိုင်ရရှိပြီး တွေ့မြင်ရတဲ့ နဒါးလ်။ (ဓာတ်ပုံ - အီးပီအေ)

စပိန်တင်းနစ်ကစားသမား ရာဖေးလ်နဒါးလ်ဟာ သူ့ရဲ့ (၁၀)ကြိမ်မြာက် ပြင်သစ်အိုးပင်း ဂရင်းစလင်းဖလားကို ကိုင်မြောက်ပြီးနောက်တစ်နေ့မှာ တနင်္လာနေ့က ထုတ်ပြန်လိုက်တဲ့ ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၂ နေရာကို ပြန်လည်ရယူခဲ့ပါတယ်။

ဒါပေမယ့်လည်း သောကြာနေ့က ပြင်သစ်အိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဗြိတိန်ကစားသမား အန်ဒီမာရေးဟာ ဗိုလ်လုပွဲမှာ နဒါးလ်ကို ရှုံးနိမ့်သွားခဲ့တဲ့ ဆွစ်ဇလန်ကစားသမား စတန် ဝေါ်ရီကာကို ရှုံးနိမ့်ခဲ့ပေမယ့် ATP ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးကနေ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

ဝေါ်ရီကာကတော့ အဆင့် ၃ နေရာမှာရှိနေပြီး မာရေးက ရမှတ် ၉,၈၉၀ နဲ့ အဆင့် ၁၊ သူ့နောက်မှာ နဒါးလ်ရဲ့ ရမှတ် ၇,၂၈၅ နဲ့ ရှိနေပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ၉,၈၉၀
၂) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ၇,၂၈၅
၃) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၆,၁၇၅
၄) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၅,၈၀၅
၅) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၄,၉၄၅
၆) ရာအိုနစ် (ကနေဒါ) ရမှတ် ၄,၄၅၀
၇)  မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၄,၁၁၅
၈) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၃,၉၈၅
၉) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၈၃၀
၁၀) အလက်ဇန်းဒါး ဇာဗဲလ်ရား (ဂျာမနီ) ရမှတ် ၃,၀၇၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required