မိုရာတာကို မန်ယူအသင်း တရားဝင်ကမ်းလှမ်းထားကြောင်း အေးဂျင့်ဖြစ်သူ ဖွင့်ဟ

မိုရာတာကို မန်ယူအသင်း တရားဝင်ကမ်းလှမ်းထားကြောင်း အေးဂျင့်ဖြစ်သူ ဖွင့်ဟ

ဇွန် ၁၃၊ စပိန် ။           ။ မန်ယူအသင်းက ရီးယဲလ်တိုက်စစ်မှူးမိုရာတာကို တရားဝင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်ဟု ကစားသမား၏ အေးဂျင့်ဖြစ်သူ ဂျူအန်မာလိုပက်ဇ်က ဖွင့်ဟပြောကြားခဲ့သည်။

မန်ယူအသင်းသည် အီဗရာဟီမိုဗစ်၏ နေရာတွင် အစားထိုးရန် မိုရာတာကို ခေါ်ယူလိုနေပြီး ပြီးခဲ့သည့်အပတ်က ပေါင်သန်း ၆၀ ဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရီးယဲလ်အသင်းက ပယ်ချခဲ့သည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။ ရီးယဲလ်အသင်းသည် မိုရာတာအတွက် ပေါင်သန်း ၇၀ ကျော်အလိုရှိနေပြီး ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေသည်ဟု ဆိုသည်။

မိုရာတာ၏အေးဂျင့် လိုပက်ဇ်က ၎င်း၏ ကစားသမားသည် ရီးယဲလ်တွင် ကစားချိန်နည်းပါးသည့်အတွက် အသင်းပြောင်းလိုနေပြီး ရီးယဲလ်အသင်း၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်ဟု ဆိုသည်။

‘မန်ချက်စတာယူနိုက်တက်အသင်းဆိုတာ အောင်မြင်မှုတွေအများကြီးရခဲ့တဲ့ ခမ်းနားတဲ့အသင်းကြီးတစ်သင်းပါ။ ရွေးချယ်စရာ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။

မန်ယူရဲ့ကမ်းလှမ်းမှုက အလွန်အရေးပါတဲ့ ကမ်းလှမ်းမှုဆိုတာတော့ ကျွန်တော်ပြောနိုင်ပါတယ်။ အခုရီးယဲလ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါတယ်။ အပြောင်းအရွှေ့က နီးစပ်ပြီလားဆိုတာကတော့ မပြောနိုင်သေးပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ မြင်ရပါလိမ့်မယ်’ ဟု မိုရာတာ၏ အေးဂျင့်က ဆိုသည်။

မိုရာတာသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းအတွက် ပွဲစဉ် ၁၉ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required