Bumblebee ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်မည်ဟု ဟေလီစတိုင်းဖဲလ် အတည်ပြုကြေညာ

Bumblebee ဇာတ်ကားတွင် ပါ၀င်သရုပ်ဆောင်မည်ဟု ဟေလီစတိုင်းဖဲလ် အတည်ပြုကြေညာ

အမေရိကန်မင်းသမီး ဟေလီစတိုင်းဖဲလ်က သူသည် Transformers စက်ရုပ်ကားထဲမှ ဇာတ်ကောင် Bumblebee စက်ရုပ်လေးအကြောင်း ရိုက်ကူးမည့် ဇာတ်ကားထဲတွင် ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါဇာတ်ကားနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ဖော်ပြမှုနည်းပါးသေးသော်လည်း ရိုက်ကူး မှုများကို သိပ်မကြာမီတွင် စတင်တော့မည်ဖြစ်ကြောင်း ဟေလီက ပြောခဲ့သည်။

Transformers ဇာတ်ကားများ၏ ငါးကားမြောက်ဖြစ်သော Transformers: The Last Knight ကို လာမည့် ဇွန်လ ၂၂ရက်နေ့တွင် ရုံတင်ပြသသွားမည်ဖြစ်သည်။

ထို Transformers ဇာတ်ကားထဲမှ ခွဲထွက်ရိုက်ကူးမည့် Bumblebee စက်ရုပ်လေး၏ ရုပ်ရှင်တွင် ပါဝင်ရမည့် အတွက် အလွန်စိတ်လှုပ်ရှားနေကြောင်း၊ ရိုက်ကူးမှုများကို မကြာခင်စတင်တော့မည်ဖြစ်ကြောင်း အသက် ၂၀ အရွယ်ရှိ အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ဟေလီက ပြောခဲ့သည်။

“တွေးလိုက်တာနဲ့ ရူးသွပ်ချင်စရာပါပဲ။ ကျမဟာ Transformers ဇာတ်ကားတွေရဲ့ အမာခံပရိသတ်တစ်ဦးပါ အဲ့ကားထဲက ဇာတ်ကောင်အကြောင်း ရိုက်ကူးမယ့်ရုပ်ရှင်မှာ ပါဝင်ရမယ်ဆိုတာ မယုံကြည်နိုင်လောက်အောင် ဖြစ်မိပါတယ်” ဟု သူမက ဆက်ပြောခဲ့သည်။

ဟေလီစတိုင်းဖဲလ်သည် အသက် ၁၃နှစ်အရွယ်တွင် Coen ညီအစ်ကိုနှစ်ဦးက ဒါရိုက်တာလုပ်၍ရိုက်ကူးထား သော True Grit ရုပ်ရှင်တွင် စတင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး သူမ၏ သရုပ်ဆောင်ချက်အတွက် အော်စကာဆုနှင့် Bafta ဆုတို့တွင် ဇကာတင်စာရင်းထဲ၌ ထည့်သွင်းခံခဲ့ရသည်။

ထို့နောက်တွင် သူမသည် Pitch Perfect 2 နှင့် Edge of Seventeen တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ သူမ သည် သရုပ်ဆောင်တစ်ဦးသာမက အဆိုတော်တစ်ဦးလည်းဖြစ်ကာ ပြီးခဲ့သောနှစ်က Haiz အမည်ရှိ တေးအယ်လ်ဘမ်ကို ဖြန့်ချီခဲ့သည်။

သူမသည် အဆိုတော်တေလာဆွစ်နှင့်လည်း အလွန်ရင်းနှီးသော မိတ်ဆွေဖြစ်ရုံသာမက ဂျက်စတင်ဘီဘာနှင့် လည်း ချစ်သူများဖြစ်ခဲ့သည်ဟု သတင်းထွက်ခဲ့သူတစ်ဦးဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly