အေစီမီလန်အသင်း စီးရီးအေတွင် ဗိုလ်စွဲနိုင်စွမ်းရှိသည်ဟု ကစားသမားသစ် ဆေးလ်ဗားပြော

အေစီမီလန်အသင်း စီးရီးအေတွင် ဗိုလ်စွဲနိုင်စွမ်းရှိသည်ဟု ကစားသမားသစ် ဆေးလ်ဗားပြော

ဇွန် ၁၃၊ မီလန်။           ။ အေစီမီလန်အသင်းသည် စီးရီးအေတွင်ဂျူဗင်တပ်၏လွှမ်းမိုးထားမှုကိုတွန်းလှန်နိုင်သည့် စွမ်းရည်ရှိသည်ဟု ကစားသမားသစ် အန်ဒရီဆေးလ်ဗားက ယုံကြည်နေသည်။

မီလန်အသင်းသည် အပြောင်းအရွှေ့ဈေးကွက်အတွင်း ဆက်လက်လှုပ်ရှားနေမှုအဖြစ် ပေါ်တူဂီကြယ်ပွင့် ဆေးလ်ဗားကို ပေါ်တို အသင်းထံမှ ခန့်မှန်းပြောင်းရွှေ့ကြေး ယူရို ၃၈ သန်းဖြင့်ခေါ်ထားသည်။

အသက် ၂၁ နှစ်အရွယ်တိုက်စစ်မှူးဆေးလ်ဗားသည် မူဆက်ချီယို၊ ရီကာဒို ရိုဒရီဂွက်ဇ်၊ ဖရန့်ကက်ဆီတို့နည်းတူ ဆန်စီရိုသို့ရောက်လာသူဖြစ်ပြီး ဂျူဗင်တပ်အသင်း ခြောက်နှစ်ဆက်ရယူထားသည့် စကူဒက်တိုဖလားကို မီလန်အသင်းနှင့်အတူ ချိန်ရွယ်နေသည်။

“ကျွန်တော်မီလန်ကို ဘာကြောင့်ရွေးဖြစ်သွားလဲဆိုတော့ သူတို့က ချန်ပီယံလိဂ်မှာသမိုင်းကြောင်းကောင်းတဲ့အသင်းဖြစ်လို့ပါ။ မီလန်အသင်းက ကျွန်တော့်ကိုလိုချင်တယ်ဆိုတော့ ဝမ်းသာသွားပြီး အခွင့်အရေးကိုလည်း လက်လွတ်မခံနိုင်ခဲ့ဘူး။

လာမယ့်ရာသီတွေမှာ အသင်းကိုကူပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီအသင်းရဲ့အဆင့်မျိုးနဲ့က လိဂ်မှာဗိုလ်စွဲဖို့အပြင် ပွဲတွေအများ ကြီးမှာလည်း အောင်ပွဲရမယ်လို့ မျှော်လင့်ပါတယ်။

တစ်ဦးချင်းအနေနဲ့ပြောရရင်လည်း ကျွန်တော်တို့မီလန်အသင်းရဲ့ရည်မှန်းချက်တွေပြည့်ဝဖို့ အကောင်းဆုံးကြိုးစားပေးဆပ်သွား ချင်ပါတယ်”ဟု ဆေးလ်ဗားကပြောသည်။

ပေါ်တူဂီလက်ရွေးစင်ဆေးလ်ဗားသည် နိုင်ငံတကာပွဲ ရှစ်ပွဲကစား၊ ခုနစ်ဂိုးသွင်းထားပြီး ယမန်နှစ် ၂၀၁၆-၁၇ ဘောလုံးရာသီက ပေါ်တိုအသင်းတွင် ပြိုင်ပွဲစုံ ၄၁ ပွဲကစား၊ ၂၁ ဂိုးသွင်းထားသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly