မြောက်ဦး၌ လေပြင်းတိုက်ခတ်ခဲ့

မြောက်ဦး၌ လေပြင်းတိုက်ခတ်ခဲ့
ဓာတ်ပုံ-MOI

ဇွန် ၁၂ ။             ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ ကျေးရွာအချို့တွင်  ၊ဇွန် ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် သံချောင်းကျေးရွာတွင် ဓနိမိုး၊ ထရံကာ အိမ် ၂ လုံး ပြိုခဲ့ပြီး သံချောင်းကျေးရွာအုပ်စု၊ ပီပင်ရင်ကျေးရွာတွင် သွပ်မိုး၊ ထရံကာနေအိမ်  ၁ လုံးနှင့် ဓနိမိုး၊ ထရံကာ နေအိမ် ၃ လုံးတို့ အပျက်အစီးရှိခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်အိမ်ထောင်စု (၆)စုမှ ကျား(၁၈)ဦး၊မ(၁၃)ဦး ပေါင်း ၃၁ ဦး ရှိကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။

မြောက်ဦး ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ လေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသော သံချောင်း ကျေးရွာမှ အိမ်ထောင်စု (၂)စု အတွက် အမျိုးသားဝတ်လုံချည်၊ အမျိုးသမီး ဝတ်လုံချည်၊ စောင်၊ မျက်နှာသုတ်ပဝါ၊ ဒန်အိုး၊ ဇလုံ၊ ဆပ်ပြာ၊တီရှုပ်အင်္ကျီ၊ ခြင်ထောင်နှင့် ပလတ်စတစ်ကတ်ပုံများ ပေးအပ်ခဲ့ပြီး သံချောင်းကျေးရွာအုပ်စု၊ ပီပင်ရင်း ကျေးရွာမှ လေဘေး ကြောင့်ပျက်စီး ဆုံးရှုံးသွားသော အိမ်ထောင်စု(၄)စုအတွက် အမျိုးသားဝတ် လုံချည်၊ အမျိုးသမီးဝတ်လုံချည်၊မျက်နှာ သုတ်ပဝါ၊ ဇလုံ၊ ဆပ်ပြာ၊ တီရှုပ်အင်္ကျီတို့ကို ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံးဝပြိုပျက်နေသည့် နေအိမ်မှမိသားစုဝင်များအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် နေရာချထားပေးလျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly