တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရှာဖွေတွေ့ရှိသော ရုပ်အလောင်း ၈၁ လောင်း အထိ ရှိလာ

တပ်မတော်လေယာဉ်ပျက်ကျမှုမှ ရှာဖွေတွေ့ရှိသော ရုပ်အလောင်း ၈၁ လောင်း အထိ ရှိလာ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇွန် ၁၂ ။           ။ ဇွန်လ ၁၂ ရက်နေ့ ၊ လူ တစ်ရာကျော် လိုက်ပါလာသော တပ်မတော်လေယာဉ်ပျက်ကျမှု ၅ ရက်မြောက်နေ့တွင် မွန်းလွဲပိုင်းအထိ ရုပ်အလောင်း ၂၂ လောင်းရှာဖွေတွေ့ရှိခဲ့ပြီး ယခုအချိန်အထိ စုစုပေါင်းရုပ်အလောင်း ၈၁ လောင်း ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း ၁၇ လောင်းရှာဖွေတွေ့ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် အမျိုးသားရုပ်အလောင်း ၄ လောင်း၊ ကျား/မ မခွဲခြားနိုင်ရုပ်အလောင်း ၁ လောင်း စုစုပေါင်းရုပ်အလောင်း ၅ လောင်း ထပ်မံ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်သည်။

ယမန်နေ့ ဇွန်လ ၁၁ ရက်အထိ  ရုပ်အလောင်း ၅၉ လောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်းအထိ ရုပ်အလောင်း ၂၂လောင်း တွေ့ရှိခဲ့ကာ စုစုပေါင်း ရုပ်အလောင်း ၈၁ လောင်းအထိ ရှိလာပြီ ဖြစ်သည်။

စုစုပေါင်း လူ ၁၂၂ ဦးပါဝင်သော တပ်မတော်ပို့ဆောင်ရေးလေယာဉ်သည် ဇွန်လ ၇ ရက်က မြိတ်မှရန်ကုန်သို့ ထွက်ခွာစဉ် ပျက်ကျခဲ့ခြင်း ဖြစ်ပြီး ရုပ်အမည် ခွဲခြားနိုင်သော ရုပ်အလောင်းများကို မီးသဂြိၤုလ်ပေးခဲ့ကြောင်း သိရသည်။  ယနေ့လည်း ထပ်မံပြီး ရုပ်အလောင်း ၆ လောင်း သဂြိၤုလ်ပေးခဲ့ပြီး ရုပ်အလောင်း ၂၉ လောင်း ယနေ့အထိ မီးသဂြိၤုလ်ပြီးစီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required