အဖွဲ့ဝင် ၆ဦးစလုံး စစ်မှုမထမ်းခင်တွင် နောက်ဆုံးအနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သည့် 2PM အဖွဲ့

အဖွဲ့ဝင် ၆ဦးစလုံး စစ်မှုမထမ်းခင်တွင် နောက်ဆုံးအနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ခဲ့သည့် 2PM အဖွဲ့

2PM အဖွဲ့သည် ဂီတလောကထဲခြေချသည့် ၁၀နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် “6 Nights” ဟုအမည်ရ သော ဖျော်ဖြေပွဲကို အဖွဲ့ဝင် ၆ဦးစလုံး စစ်မှုမထမ်းခင်တွင် ကျင်းပသွားခဲ့သည်။

အဖွဲ့ဝင် ၆ဦးစလုံးသည် စစ်မှုထမ်းရန် စာရင်းပေးသွင်းတော့မည် ဖြစ်သောကြောင့် ဇွန်လ ၁၁ရက်နေ့က ကျင်းပ ခဲ့သော ထိုဖျော်ဖြေပွဲသည် သူတို့အဖွဲ့၏ နောက်ဆုံး ဖျော်ဖြေပွဲတစ်ခုဖြစ်သည်။

ထိုဖျော်ဖြေပွဲ၌ မကြာသေးခင်က ဒဏ်ရာရရှိခဲ့သောကြောင့် အနုပညာလုပ်ငန်းများ ရပ်နားခဲ့ရသည့် အဖွဲ့ဝင် ဂျန်ကေအပါအဝင် အဖွဲ့သားအားလုံးသည် သူတို့၏ အောင်မြင်ကျော်ကြားသော သီချင်းများစွာကို သီဆိုဖျော် ဖြေခဲ့ကြသည်။

“10 out of 10” သီချင်းဖြင့် ပရိသတ်ရင်ထဲကို ထိုးဖောက်ခဲ့သော 2PM အဖွဲ့သည် ပရိသတ်များကို ကျေးဇူးတင် စကားပြောကြားခဲ့ပြီး “ ခင်ဗျားတို့အားလုံးနဲ့ တွေ့ဆုံရတာဟာ အလွန်ပျော်ဖို့ကောင်းပါတယ်” ဟု ပြောခဲ့သည်။ Taecyeon ကလည်း မကြာခင်တွင် သူစစ်မှုထမ်းတော့မည်ဖြစ်ကြောင်းနှင့် “ ကျနော်တို့ စင်ပေါ်မှာ အဖွဲ့ဝင် ၆ဦး စလုံး စုံလင်စွာနဲ့ ဖျော်ဖြေဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် ကျနော်တို့မကြာခင်မှာ ပြန်လာပြီး ပရိသတ်များနှင့် ထပ်မံတွေ့ဆုံနိုင်ဦးမှာပါ” ဟု ကတိပေးခဲ့သည်။

ဒါ့အပြင် အဖွဲ့ဝင်အချင်းချင်းကြားရှိ ချစ်ခင်မှု၊ ခင်မင်မှုတို့ကို ထုတ်ဖော်ပြသခဲ့ပြီး အဖွ့ဲဝင်ချန်ဆန်းက “ သူတို့လို လူတွေနဲ့ ဘဝမှာတွေ့ကြုံဖို့ဆိုတာ ခက်ခဲမယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးကို ဆုံဆည်းနိုင်အောင် ကူညီပေးခဲ့တဲ့ ပါ့ခ်ဂျင်ယောင်းကို ကျေးဇူးတင်ကြောင်းပြောချင်ပြီး အနာဂတ်မှာလည်း အဖွဲ့သားတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ဆက်ရှိသွားမှာပါ” ဟု ပြောခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly