တရုတ်နိုင်ငံ တွင်မွေးကင်းစမိန်းခလေး ကိုရေအိမ်ထဲမွေးဖွားပြီး စွန့်ပစ်မှုဖြစ်ပွား

တရုတ်နိုင်ငံ တွင်မွေးကင်းစမိန်းခလေး ကိုရေအိမ်ထဲမွေးဖွားပြီး စွန့်ပစ်မှုဖြစ်ပွား

ပေကျင်း၊ သြဂုတ်-၃ ။         ။ မိခင်ဖြစ်သူက ပေကျင်းမြို့တော်၏ အများသုံးရေအိမ်ထဲတွင် ပင်မွေးဖွားခဲ့ပုံ ရပြီးမွေးကင်းစ မိန်းခလေးကို ရေအိမ်ထဲတွင်ပင် စွန့်ပစ်ခဲ့သောကြောင့်ရေဆင်း ပိုက်ထဲခေါင်းစိုက် လျှက်သားနှင့် တွေ့ရှိခဲ့ကြသည်ဟု သြဂုတ်လ ၃ရက်သတင်းများအရ သိရှိရသည်။

ကလေးငိုသံကြောင့် အများပြည်သူက သတိထားမိလာပြီးနောက် ရဲအရာရှိတစ်ဦးက မွေးကင်းစမိန်းခလေးကို ပိုက်ထဲမှ ဆွဲထုတ်ကာ ဆေးရုံသို့ပို့ခဲ့ရာ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတစ်စုံတစ်ရာ မရှိကြောင်းတွေ့ ရှိကြရသည်ဟု Beijing Times သတင်းစာတွင် ဖော်ပြခဲ့သည်။

ရေအိမ်ကြွေခွက်ပတ်ပတ်လည်မှ သွေးများအရ သူမကို ရေအိမ်အတွင်းမွေးဖွားခဲ့ပြီး စွန့်ပစ်ထားခဲ့သည်ကို ဖော်ပြနေသောကြောင့် ရဲက မိဘများကို ဖော်ထုတ်ရန် ကြိုးစားနေသည်ဟု ဆိုသည်။

လူမှုရေးနှင့် စီးပွားရေးဖိအားများကြောင့် တရုတ်နိုင်ငံတွင် လက်မထပ်ပဲမွေးဖွားလာသည့် ကလေးငယ်များကို ရံခါတွင် စွန့်ပစ်လေ့ရှိကြသည်။ နိုင်ငံ၏ တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီ ကလည်း ကလေးတစ်ဦးထက်ပိုသည့် ဇနီးမောင်နှံများကို ဒဏ်ကြီးကြီး တပ်လေ့ရှိသည်။ မကြာသေးမီနှစ်များအတွင်းက မြေဇာပင်ဖြစ်ရသည့် မိဘမဲ့ကလေးမျာ၏ ဖြစ်ရပ်များမှာ တရုတ်လူ့အဖွဲ့အစည်းတွင် အဖြစ်များလာခဲ့သည်။

၂၀၁၃ခုနှစ် မေလကလည်း တရုတ်အရှေ့ပိုင်း ရှီကျန်ပြည်နယ်တွင် မွေးကင်းစကလေးတစ်ယောက်ကို မိခင်ဖြစ်သူက ရေအိမ်ရေဆင်းပိုက်ထဲ ပစ်ချခဲ့သော်လည်း သေကံမရောက် အသက်ရှင်ခဲ့သည့်ဖြစ် ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required