ချို့တဲ့သော ကလေးငယ်များအတွက် ငွေကြေးအမြောက်အမြား ဆိုဂျီဆပ် လှူဒါန်း

ချို့တဲ့သော ကလေးငယ်များအတွက် ငွေကြေးအမြောက်အမြား ဆိုဂျီဆပ် လှူဒါန်း

တောင်ကိုရီးယားမင်းသား ဆိုဂျီဆပ်သည် ချို့တဲ့သော ကလေးငယ်များအတွက် ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့ကာ သူ၏ နွေးထွေးမွန်မြတ်သော စိတ်နှလုံးသားကို ထုတ်ဖော်ပြသခဲ့သည်။

ဇွန်လ ၁၂ရက်နေ့တွင် Good Neighbors ဟု အမည်ရသော အဖွဲ့အစည်းတစ်ခုက ဆိုဂျီဆပ်သည် သူ၏ပရိသတ်များနှင့် တွေ့ဆုံပွဲမှ ရရှိသောရန်ပုံငွေ ၁၀၀မီလျံ ဝမ် (ဒေါ်လာ ၈၈၈၉၀) ခန့်ကို ငွေကြေးချို့တဲ့ သော မိသားစုများမှ ကလေးငယ်များနှင့် ညှင်းပန်းနှိပ်စက်ခံရသော၊ အနိုင်ကျင့်ခံရသော ကလေးငယ်များကို စိတ်ဝေဒနာကုထုံးများဖြင့် ကုသပေးရန်အတွက် လှူဒါန်းခဲ့ကြောင်း ကြေညာခဲ့သည်။

ဆိုဂျီဆပ်က “ ကျနော့် ပရိသတ်တွေနဲ့အတူ တွေ့ဆုံမှုကနေ အဓိပ္ပါယ်ရှိပြီး မွန်မြတ်တဲ့အလုပ်တစ်ခုကို လုပ်နိုင်ခဲ့ တဲ့အတွက် ကျနော်ဂုဏ်ယူပါတယ်။ ကျနော့် အပေါ်မေတ္တာထားတဲ့ ပရိသတ်တွေ အားလုံးကိုလည်း  ကျနော်က ပြန်ပြီး မေတ္တာပို့သပေးပါတယ်။ ကျနော်အနုပညာလောကထဲ ခြေချတာ နှစ် ၂၀ပြည့်တဲ့ အထိမ်းအမှတ်နေ့ဟာ အဓိပ္ပါယ်အပြည့်ရှိတဲ့ အမှတ်တရလေးတစ်ခု   ဖြစ်လာတဲ့အတွက် ကျနော်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့သည်။

ဆိုဂျီဆပ်ပါဝင်သရုပ်ဆောင်ထားသည့် Battleship Island အမည်ရှိ ရုပ်ရှင်ကို လာမည့် ဇူလိုင်လတွင် စတင် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags