(၃)ရက်အတွင်း ရခိုင်ပြည်နယ်မှာ မိုးပိုနိုင်

(၃)ရက်အတွင်း ရခိုင်ပြည်နယ်မှာ မိုးပိုနိုင်

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ် 03B2017 ကြောင့် ရခိုင်ပြည်နယ်တွင် ၃ရက်အတွင်း မိုးပိုနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ဇွန်လ ၁၁ရက် ညနေ ၂နာရီ ၄၉ အချိန်က ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းတလျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်၌ နေရာအနှံ့အပြား မိုးရွာနှိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်သည်ဟု ဆိုသည်။

"အထူးသဖြင့် ရခိုင်ပြည်နယ် အလယ်ပိုင်းဒေသတွေမှာ ရေဖုံးလွှမ်းခံရနိုင်မှုအလားအလာတွေ ရှိနေတဲ့အတွက် ရေကို အထူးသတိပြုရန်လိုအပ်ပါတယ်။ ရခိုင်နဲ့ ယှဉ်တွဲပြီး မိုးကောင်းလေ့ရှိတဲ့ မကွေးတိုင်း နဲ့ ချင်းပြည်နယ်တို့မှာလည်း မိုးကြီးမယ့်ဒဏ်ကို သတိပြုရန် လိုအပ်ပါတယ်။" ဟု ၎င်းက ဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly