တရုတ်နိုင်ငံတောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် အနည်းဆုံး ၆ဦးသေဆုံးပြီး ၃ဦးပျောက်ဆုံး

တရုတ်နိုင်ငံတောင်ပိုင်း၌ မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် အနည်းဆုံး ၆ဦးသေဆုံးပြီး ၃ဦးပျောက်ဆုံး

ဘေဂျင်း၊ ဇွန် ၁၁ ။          ။ တရုတ်နိုင်ငံတောင်ပိုင်းတွင် စနေ၊ တနင်္ဂနွေနှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် အနည်းဆုံး လူ၆ဦးခန့် သေဆုံးခဲ့ပြီး ၃ဦးပျောက်ဆုံးနေကြောင်း ရှင်ဟွာသတင်းဌာနမှ တင်ပြခဲ့သည်။

အထိအခိုက်အများဆုံး နေရာဒေသတစ်ခုဖြစ်သော ဟူဘေးခရိုင်အလယ်ပိုင်းတွင် ၄ဦးသေဆုံးခဲ့ပြီး အနီးအနား ရှိ ချောင်ကွင်မြို့နယ်အတွင်းမှ ၂ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မုန်တိုင်းသည် ပြီးခဲ့သော ကြာသာပတေးနေ့ကတည်းက စတင်တိုက်ခတ်ခဲ့ကာ ဟူဘေးခရိုင်အတွင်းရှိ နေရာ အများအပြားတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့ပြီး အိုးအိမ် ၁၇၁ လုံးခန့် ပြိုလဲပျက်စီးခဲ့ ကာ လူပေါင်း ၆၄၉ ဦးကို အရေးပေါ် နေရာပြောင်းရွှေ့ပေးထားရသည်။

ချောင်ကွင်မြို့နယ်၌ အိမ်ပေါင်း ၁၀၀ ခန့် ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ခန့်ကို အရေးပေါ် နေရာပြောင်းရွှေ့ပေး ထားရကြောင်း အာဏာပိုင်များက ပြောခဲ့သည်။

ကျန်စီမြစ်ကမ်းဘေး၌ တည်ရှိသော တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့များထဲမှ တစ်ခုဖြစ်သည့် နန်ကျင်းမြို့အရှေ့ ပိုင်းတွင် နှစ်ပေါင်း ၆၆ နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်သော မိုးရေချိန် ၉.၆၅လက်မခန့်အထိ မိုးရွာသွန်းခဲ့ ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားနေခြင်းကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၁၂၀ခန့်ကို ဖျက်သိမ်းခဲ့ရပြီး အာဏာပိုင်များက အနီရောင်အဆင့် အခြေအနေဖြင့် သတိပေးထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required