မန်ယူနှင့် တိုက်စစ်မှူးစီရော်နယ်ဒိုတို့ ပြန်လည်ဆုံစည်းနိုင်တော့မည် မဟုတ်

မန်ယူနှင့် တိုက်စစ်မှူးစီရော်နယ်ဒိုတို့ ပြန်လည်ဆုံစည်းနိုင်တော့မည် မဟုတ်

ဇွန် ၁၁၊ မက်ဒရစ် ။            ။ လာမည့်သြဂုတ်လ(၈)ရက်နေ့တွင် ၂၀၁၇ခုနှစ် ဥရောပစူပါဖလားကို မန်ယူအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေဖြင့် အသင်းဟောင်းမန်ယူနှင့် ပြန်လည်ဆုံစည်းနိုင်တော့ မဟုတ်ကြောင်း သိရသည်။

အကြောင်းမှာ ရီးယဲလ်အသင်းသည် စီရော်နယ်ဒိုအား ကာလရှည် ခွင့်ရက်ပေးမည်ဖြစ်သောကြောင့် ၎င်းအနေဖြင့် မန်ယူအသင်းနှင့် ကစားမည့် ဥရောပစူပါဖလားဗိုလ်လုပွဲကို လွဲချော်ဖွယ်ရှိနေခြင်း ဖြစ်သည်။

စီရော်နယ်ဒိုသည် လက်ရှိအချိန်၌ တိုက်ကြီးများဖလားပြိုင်ပွဲ ဆင်နွှဲရန် ပေါ်တူဂီအသင်းနှင့် ပူးပေါင်းနေသည်။ ယင်းပြိုင်ပွဲပြီးလျှင်  ပြီးခဲ့သည့်ရာသီက အသင်းအတွက် ခြေစွမ်းပြခဲ့သော စီရော်နယ်ဒိုကို ရီးယဲလ်အသင်းမှ ခွင့်(၁)လပေးမည်ဖြစ်ပြီး စီရော်နယ်ဒိုသည် ဥရောပစူပါ ဖလားဗိုလ်လုပွဲအပြင် ရီးယဲလ်အသင်း၏ နွေရာသီချစ်ကြည်ရေးခြေစမ်းပွဲများကိုပါ လွဲချော်မည် ဖြစ်သည်။

ရည်ညွှန်း - မာကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required