ဆော်ဒီနှင့် ယူအေအီးနိုင်ငံတွင် ဘာစီလိုနာအကျႌများ ဝတ်ဆင်ခွင့် ပိတ်ပင်ပြီး ၀တ်ဆင်ပါက ထောင်ဒဏ်(၁၅)နှစ် ချမှတ်ခံရမည်

ဆော်ဒီနှင့် ယူအေအီးနိုင်ငံတွင် ဘာစီလိုနာအကျႌများ ဝတ်ဆင်ခွင့် ပိတ်ပင်ပြီး ၀တ်ဆင်ပါက ထောင်ဒဏ်(၁၅)နှစ် ချမှတ်ခံရမည်

ဇွန် ၁၁၊ စပိန် ။            ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် အာရပ်နိုင်ငံများဖြစ်ကြသော ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်း၊ ယူအေအီးနိုင်ငံများနှင့် ကာတာနိုင်ငံတို့အကြား ပဋိပက္ခများကြောင့် ဘာစီလိုနာအသင်း၏ ပုံရိပ်ကျဆင်းဖွယ်ရှိ နေကြောင်း ဗြိတိန်သတင်းစာ ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ကာတာနိုင်ငံသည် ISအဖွဲ့ အပါအဝင် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့နေသည်ဟု ဆော်ဒီအာရေဗျ၊ အီဂျစ်၊ ဘာရိန်းနှင့် ယူအေအီး အာရပ်မဟာမိတ်နိုင်ငံတွေက စွပ်စွဲနေကြပြီး ကာတာနိုင်ငံအား ကုန်း၊ ရေ၊ လေကြောင်း ဆက်သွယ်မှုအားလုံးကို ဖျက်တောက်ခဲ့သည်။

ဘာစီလိုနာအသင်းသည်  ကာတာအခြေစိုက်လေကြောင်းလိုင်းဖြစ်သော Qatar Airwaysနှင့် ယခုနှစ်ကုန်တွင် စပွန်ဆာစာချုပ်သက်တမ်းပြည့်ခဲ့သော်လည်း ပြီးခဲ့သည့်(၆)နှစ်အတွင်း အကျိုးတူပူးပေါင်းမှုများရှိခဲ့သည်။

ယင်းကဲ့သို့ ကာတာနိုင်ငံနှင့် ပူးပေါင်းမှုများရှိခဲ့ဖူးသည့် ဘာစီလိုနာအသင်း၏ Qatar Airways စပွန်ဆာပါရှိသောင်္ကျီများကို နိုင်ငံအတွင်းမဝတ်ဆင်ကြရန် ဆော်ဒီနှင့် ယူအေအီးတို့က ပိတ်ပင်ခဲ့သည်။

ဒေးလီးမေးလ်၏ဖော်ပြချက်အရ ဆော်ဒီအာဏာပိုင်များသည် နိုင်ငံအတွင်း ဘာစီလိုနာအင်္ကျီဝတ်ဆင်သည့် ပရိသတ်ကို ဒဏ်ငွေပေါင် (၁၂၀ဝဝဝ)နှင့် ထောင်ဒဏ်(၁၅) နှစ်အထိ ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ်သည်။ ထို့အပြင် ယူအေအီးနိုင်ငံရှိ ဘာစီလိုနာပရိသတ်များအနေဖြင့် မက်ဆီ၊ နေမာတို့အပါအဝင် ဘာစီလိုနာကစားသမားများ၏အင်္ကျီများ ဝတ်ဆင်ပါက ချက်ချင်းဖမ်းဆီးထိန်သိမ်းခံရမည် ဖြစ်သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags