ယခုနွေတွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့်ကစားသမားများ (၉၀)ကျော်အထိရှိနေ

ယခုနွေတွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့်ကစားသမားများ (၉၀)ကျော်အထိရှိနေ

ဇွန် ၁၁၊ အင်္ဂလန် ယခုနွေရာသီအပြောင်းအရွှေ့တွင် ပရီးမီးယားလိဂ်မှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမည့် ကစားသမား(၉၃)ဦးအထိ ရှိကြောင်း ဒေးလီးမေးလ် သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

နွေရာသီတွင်ထွက်ခွာမည့် ကစားသမားစာရင်း၌ မန်ယူဝါရင့်တိုက်စစ်မှူးအီဘရာဟီမိုဗစ်၊ ချယ်လ်ဆီးအသင်းခေါင်းဆောင်ဂျွန်တယ်ရီ၊ ဘန်လေအသင်းမှ ဂျိုယေးဘာတန်၊ မန်စီးတီးအသင်းမှ ဆက်ဂ်နာ၊ နာဗက်စ်၊ ကလစ်ရှ်ချီ၊ အာဆင်နယ်အသင်းမှ ဆာနိုဂိုတို့လို နာမည်ကြီး ကစားသမားများလည်း ပရီးမီးယားလိဂ်ကလပ်အသင်းများမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခွင့်ပြုထားသည့် ကစားသမားအများစုမှာ သက်ကြီးကစားသမားများဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်းက ကစားသမား(၁၁)ဦးဖြင့် အလွတ်ပြောင်းရွှေ့ကြေးနှင့် ကစားသမားအများဆုံး ထွက်ခွာခွင့်ပြုထားသည့် ပရီးမီးယားလိဂ်အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။

၎င်းနောက်တွင်အဲဗာတန်အသင်းက (၁၀)ဦးဖြင့် ရှိနေပြီး တတိယနေရာတွင် ဆွမ်ဆီးအသင်းက ကစားသမား(၈)ဦးဖြင့် ရပ်တည်လျက်ရှိသည်။

မန်စီးတီးနှင့် ဝက်ဖို့ဒ်အသင်းတို့မှာ(၇)ဦးစီဖြင့် စတုတ္ထနေရာတွင် ရှိနေကြပြီး ပရီးမီးယားလိဂ်မှ အသင်းတိုင်းနီးပါး ကစားသမားများကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ပြုထားသည်။

ရည်ညွှန်း - ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required