မောင်​​တောနှင်​့ ဘူးသီး​တောင်​မြို့နယ်​တို့၌ ပုဒ်မ ၁၄၄ နှစ်​လ ထပ်​မံတိုးမြှင်​့

မောင်​​တောနှင်​့ ဘူးသီး​တောင်​မြို့နယ်​တို့၌ ပုဒ်မ ၁၄၄ နှစ်​လ ထပ်​မံတိုးမြှင်​့
ဓာတ်ပုံ - EPA

ဇွန် ၁၀ ။               ။ မောင်တောမြို့နယ်နှင့်ဘူးသီးတောင်မြို့နယ် တို့၌ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  အား နှစ်လ ထပ်မံတိုးမြှင့်လိုက်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဒေသပိုမိုတည်ငြိမ်အေးချမ်းရေး၊ပြည်သူများတည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း သုံးသပ်ရသဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများက အမိန့်အမှတ် ၂/၂၀၁၇ကို အသီးသီး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ပုဒ်မ ၁၄၄ ကို ယင်းဒေသများ၌ ထုတ်ပြန်ခဲ့ပြီး ထပ်မံတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

မောင်တောမြို့နယ်၌ ည ၉နာရီမှ နံနက် ၅ နာရီအထိလည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၌ ည၁၀ နာရီမှ နံနက် ၄ နာရီအထိလည်းကောင်းဇွန် ၉ ရက်မှစတင်၍ ၂ လပြည့်မြောက်သည်အထိ ညမထွက်ရအမိန့်(၁၄၄)ကိုထုတ်ပြန်ခဲ့ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly