ရိုးမားနည်းပြဟောင်းစပယ်လက်တီကို နှစ်နှစ်စာချုပ်ဖြင့် အင်တာမီလန်အသင်းခေါ်ယူ

ရိုးမားနည်းပြဟောင်းစပယ်လက်တီကို နှစ်နှစ်စာချုပ်ဖြင့် အင်တာမီလန်အသင်းခေါ်ယူ

ဇွန် ၁၀၊ မီလန် ။          ။ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီအကုန်က ရိုးမားနှင့် လမ်းခွဲခဲ့သော နည်းပြစပယ်လက်တီကို အသင်းနည်းပြအဖြစ် ၂ နှစ်စာချုပ်ဖြင့် ခန့်အပ်လိုက်သည်။

စပယ်လက်တီသည် ပြီးခဲ့သည့်ရာသီက ရိုးမားအသင်းကို စီးရီးအေတွင် ဒုတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့်အတွက် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပီအိုလီကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြလက်မဲ့ဖြစ်နေသည့် အင်တာမီလန်သည် စပယ်လက်တီ(၅၈ နှစ်)ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

အင်တာမီလန်အသင်းသည် နည်းပြသစ်စပယ်လက်တီကို လာမည့်ဗုဒ္ဓဟူးနေ့တွင် အသင်းပိုင်ရှင်များဖြစ်သည့် Suning Holdings Group နှင့်အတူ မီဒီယာများကို မိတ်ဆက်ပွဲ ပြုလုပ်သွားမည် ဖြစ်သည်။ အင်တာမီလန်အသင်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေပြိုင်ပွဲတွင် အဆင့် ၇ သာ ရရှိခဲ့သည့်အတွက် ဥရောပပြိုင်ပွဲဝင်ခွင့်များနှင့် လွဲချော်ခဲ့ရပြီး လာမည့်ရာသီတွင် အသင်းကို အောင်မြင်မှုများရအောင် တည်ဆောက်သွားရန် ကြံရွယ်လျက် ရှိသည်။

ရည်ညွှန်း - စကိုင်းစပေါ့

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required