Miss F.M.F Myanmar 2017 အလှမယ် ပြိုင်ပွဲ အတွက် ဆန်ခါတင် အလှမယ်များ ကြေညာ

.

ရန်ကုန် ၊ ဇွန် ၁၀ ။             ။ Miss F.M.F Myanmar 2017 အလှမယ် ပြိုင်ပွဲ အတွက် Top Model Challenge Program သို့ တက်ရောက်ခွင့်ရသူများ စာရင်းကို ထုတ်ပြန်ကြေညာလိုက်သည်။

Miss F.M.F Myanmar 2017 အလှမယ် ပြိုင်ပွဲ အတွက် ပဏာမ လူတွေ့ စစ်ဆေးခြင်း ဖြစ်သည့် Interview Challenge ကို ဇွန်လ ၈ရက်တွင် ရန်ကုန်မြို့ Junction City ၌ ကျင်းပ ပြုလုပ်ခဲ့ပြီး လာရောက် လျှောက်ထား သူများထဲမှ Top Model Challenge Program  အတွက် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

Top Model Challenge Program  အတွက် ရွေးချယ်ခြင်း ခံရသည့်သူများ စာရင်းမှာ ခါးနံပတ် ၁ မေသဇင်မြင့်အောင် ၊ ခါးနံပတ် ၂ သီရိ ၊ ခါးနံပတ် ၃ ရှင်ယွန်းခ ၊ ခါးနံပတ် ၄ ချမ်းမြေ့ဆင့် ၊ ခါးနံပတ် ၅ စုစန္ဒီကြည် ၊ ခါးနံပတ် ၆ နေမညို ၊ ခါးနံပတ် ၇ မြတ်နိုးပိုင် ၊ ခါးနံပတ် ၈ နှင်းသီတာလှိုင် ၊ ခါးနံပတ်၁၀ မေသဲချို ၊ ခါးနံပတ်၁၁ သန္တာချို ၊ ခါးနံပတ်၁၂ အေးအိန္ဒြာသော် ၊ ခါးနံပတ်၁၃ Irene ၊ ခါးနံပတ်၁၄ ဧသက်ဝေ ၊ ခါးနံပတ်၁၅ ဆုမြတ်ရတနာ ၊ ခါးနံပတ်၁၆ ငွေစင်သွန်း ၊ ခါးနံပတ်၁၇ စောယွန်းနွယ်၊ ခါးနံပတ်၁၈ နန်းထိုက်ခိုင် ၊ ခါးနံပတ်၂၀ ဖူးပြည့်ထွန်း ၊ ခါးနံပတ်၂၁ Beauty ၊ ခါးနံပတ်၂၂ နှင်းနွယ်နီကျော်၊ ခါးနံပတ်၂၃ စုစုလှိုင် ၊ ခါးနံပတ်၂၄ နန်းအိအိဇွန် ၊ ခါးနံပတ်၂၅ ဖြိုးအိကျော် ၊ ခါးနံပတ်၂၇ ယဉ်ကျေးဝေ၊ ခါးနံပတ်၂၉ စုပြည့်စုံအောင် ၊ ခါးနံပတ်၃၀ ၀င့်သန္တာမျိုး ၊ ခါးနံပတ်၃၁ နန့်လင်းလက်ဝတီထွန်း ၊ ခါးနံပတ်၃၆ စိမ့်စန္ဒီဇော်  ၊ ခါးနံပတ်၃၇ ဇူးဇူးဖူးပွင့်  ၊ ခါးနံပတ်၃၈ ဇာလီနော် ၊ ခါးနံပတ်၄၁ သုနြေ္ဒအောင် ၊ ခါးနံပတ်၄၃ ကြာညိုသင်း ၊ ခါးနံပတ်၄၄ ယွန်းပိုးအိမ် ၊ ခါးနံပတ်၄၅ အိမွန်ဇော် ၊ ခါးနံပတ်၄၆ ရွှေရုပ်သွင် ၊ ခါးနံပတ်၄၉ ကျော့အိဖြူ ၊ ခါးနံပတ်၅၀ ခိုင်နှင်းဆီ ၊ ခါးနံပတ်၅၁ နွေးသန္တာဆု ၊ ခါးနံပတ်၅၂ ထက်သော်တာပြည့် ၊ ခါးနံပတ်၅၃ ခန့်သစ္စာလွင် ၊ ခါးနံပတ်၅၄ စုစုစိုးသန့် ၊ ခါးနံပတ်၅၆ ထက်ရတနာဝင်း ၊ ခါးနံပတ်၅၇ ဆုသဲအေး ၊ ခါးနံပတ်၅၈ ခေတ်မှုးဝင့်ခိုင် ၊ ခါးနံပတ်၅၉ မေနန္ဒာ ၊ ခါးနံပတ်၆၀ ထက်ထက်အေးမင်း ၊ ခါးနံပတ်၆၁ မိုးမခ ၊ ခါးနံပတ်၆၃ W မေရှင်းစိန် ၊ ခါးနံပတ်၆၄ မိုးထက်ထက်သူ တို့ပဲ ဖြစ်သည်။

ဆန်ခါတင် အဖြစ် ရွေးချယ်ခံရသူများသည် ၂လကြာကျင်းပပြုလုပ်မည့် ထိုပြိုင်ပွဲတွင် အဆင့် ၁၁ ဆင့်ဖြင့် ရန်ကုန်မြို့၏ အထင်ကရ နေရာ ၆ နေရာ နှင့် Online ယှဉ်ပြိုင်မှု အဆင့် ၅ဆင့် တို့ဖြင့် စနစ်တကျ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 Miss F.M.F Myanmar 2017 Winner အဖြစ် ရွေးချယ်ခြင်းခံရသူသည် ငွေကျပ် သိန်း ၃၀ တန် သရဖူ နှင့်အတူ ကုမ္ပဏီ ၅ခု၏ ပင်တိုင် မော်ဒယ် အဖြစ် ခန့်အပ်ခြင်း ၊ ၁နှစ်စာ အသားအရေ ထိန်းသိမ်း ပြင်ဆင်ခွင့် ၊ ၁နှစ်စာ အခမဲ့ Exercise ပြုလုပ်ခွင့် ၊ ၂နှစ်စာ Miss F.M.F Myanmar Organization နှင့် အလုပ်တွဲလုပ်ခွင့် တွေ ရရှိမည် ဖြစ်သည်။

ထို့အပြင် Miss F.M.F Myanmar 2017 အဖြစ် ရွေးချယ်ခံရသူသည် Ecuador နိုင်ငံတွင် စက်တင်ဘာ ၂၃ရက်၌ ကျင်းပ ပြုလုပ်မည့် Miss United Continents ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ၀င်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။