နယ်သာလန်အတွက် ပွဲအများဆုံးကစားသူအဖြစ် ရှနိုက်ဒါ မှတ်တမ်းဝင်

နယ်သာလန်အတွက် ပွဲအများဆုံးကစားသူအဖြစ် ရှနိုက်ဒါ မှတ်တမ်းဝင်

ဇွန် ၁၀၊ နယ်သာလန် ။                ။ လူဇင်ဘတ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ခဲ့သည့်ပွဲတွင် နယ်သာလန်အတွက် ပါဝင်ကစားခွင့်ရခဲ့သည့် ဝါရင့်ကွင်းလယ်လူရှနိုက်ဒါသည် နယ်သာလန်အသင်း၏ ပွဲအများဆုံး ကစားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အသက် (၃၃)နှစ်ရှိ ဂါလာစာရေးကွင်းလယ်လူသည် နယ်သာလန်အတွက် ၂၀၀၃ ခုနှစ်တွင် စတင်ပါဝင်ကစားခွင့်ရခဲ့ပြီး ယခုပွဲစဉ်မှာ ၎င်းအတွက် ၁၃၁ ပွဲမြောက် ဖြစ်ခဲ့သည်။ ထို့ကြောင့် ရှနိုက်ဒါသည် နယ်သာလန်လက်ရွေးစင်အသင်းအတွက် ၁၃၀ ပွဲဖြင့် ပွဲအများဆုံးကစားသူအဖြစ် စံချိန်တင်ထားသည့် ဂိုးသမားဗန်ဒါဆား၏စံချိန်ကို ၁ ပွဲအသာ ကျော်ဖြတ်ကာ စံချိန်သစ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ရှနိုက်ဒါသည် အဆိုပါပွဲစဉ်၏ ပွဲချိန် ၃၄ မိနစ်တွင် ဒုတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ရာ နယ်သာလန်အတွက် ၂၀၀၇ မှ ၂၀၁၇ ခုနှစ်အတွင်း ၁၁ နှစ်ဆက်တိုက် ဂိုးသွင်းနိုင်သူအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့သည်။ သို့သော် ရှနိုက်ဒါ ကိုယ်ရေးကိုယ်တာမှတ်တမ်းထက် အသင်း အနိုင်ရခဲ့သည့်အတွက် ပိုဝမ်းသာကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required