ပန်းချီဆရာ အောင်နိုင်မောင်နှင့်တွေ ့ဆုံခြင်း (အပိုင်း ၂)

ပန်းချီဆရာ အောင်နိုင်မောင်နှင့်တွေ ့ဆုံခြင်း (အပိုင်း ၂)

မေး။ ဆရာ ပန်းချီတွေကို ဘယ်အချိန်မှာဆွဲဖြစ်ပါသလဲ မနက်ပိုင်း၊နေ့လည်ပိုင်း၊ညနေပိုင်း ..ပေါ့ ဘယ်ချိန် ဆွဲဖြစ်ပါသလဲ။

ဖြေ။ မနက်ပိုင်းတော့ လုံးဝမရေးဖြစ်ဘူး နိုးကို မနိုးတာ ။ များသောအားဖြင့် ညပိုင်းပဲများပါတယ် ။ နေ့ခင်းဖက်က ပန်းချီလာသင်တဲ့ လာလေ့လာတဲ့ဧည့်သည်တွေရှိလို့လေ။ သင်တန်းအတိအကျကြီးတော့မဟုတ်ဘူး။ စိတ်ကလည်း တည်လို့မရတာလဲပါတယ် ။ ညပိုင်းပဲ ရေးဖြစ်တာ များပါတယ်။

မေး။ ဟုတ်ကဲ့ ဆရာ့အနေနဲ့ ပန်ချီကားတချပ်ကိုရေးတဲ့အခါ အချိန်ဘယ်လောက်ယူသလဲ သိချင်ပါတယ်

ဖြေ။ တချို့ပန်းချီကားတွေကြ လနဲ့ချီတယ်။ တချို့ဟာကြ တစ်ရက်တောင်မရေးရဘူး။ အမျိုးအစားနဲ့ပဲ ဆိုင်ပါတယ်။

မေး ။ ဆရာ ပြည်တွင်းမှာပြဖြစ်တဲ့ ပန်ချီအမျိုးအစားတွေလဲ ပြောပြပေးပါဦး

ဖြေ။ Solo Show ကတော့(၁၃)ပွဲရှိသွားပြီ ။ Group ပွဲကတော့ လေး၊ ငါးရာလောက်ရှိသွားပြီ ။ မမှတ်မိတော့ဘူး။

မေး ။ ခုလက်ရှိဆွဲဖြစ်နေတဲ့ပန်းချီကားလေးတွေအကြောင်းလဲ ပြောပြပါဦး။

ဖြေ။ ခုလောလောဆယ်ကတော့ ကိုငှက်ပုံတွေများတယ် ။ ကိုယ်ကကြိုက်လို့ ရေးတာဆိုတော့လေ။ သူများအပ်ထားတာလည်း ပါတယ် ။ Solo Show ကတော့ ဒီဇင်ဘာလမှာရှိတယ် ။ Group Show ကတော့ (၇)လပိုင်းမှာရှိတယ်ဗျ ။

မေး ။အခုနောက်ပိုင်းကဗျာဆိုလည်း မော်ဒန်ကဗျာတွေ ဖြစ်လာတယ် ။ ပန်းချီဆိုရင်လည်း မော်ဒန်ပန်းချီဆိုပြီး ဖြစ်လာတယ်ပေါ့နော် ။ အဲအပေါ် ဆရာ့အမြင်လေးပြောပြပေးပါဦး။

ဖြေ။ အင်း အဲဒီဟာက ကဗျာမှာလည်း သူ့ပုံစံခွက်ထဲဝင်ရေးတာထက်စာရင် ကိုယ်ကြိုက်သလိုရေးပြီး ဆန်းသွားတာ ပိုကောင်းတယ်။ ပန်းချီနဲ့ကဗျာနဲ့ အတူတူပဲ သိလား ။ အရုပ်နဲ့စာပဲ ကွာတာ ။ ကျွန်တော်တို့က အရောင်တွေနဲ့ အရုပ်တွေ သူတို့က စာတွေ။  အဓိက မော်ဒန်ဆိုတဲ့ဟာမှာ စရေးကတည်းက ငါ မော်ဒန်ပန်းချီရေးတဲ့သူဆိုရင်တော့ အဲ့ဒါတော့ မဟုတ်ဘူး သိလား ။ ကဗျာမှာလည်း အဲလိုပဲထင်ပါတယ်။ ကိုယ်ကြိုက်သလို ဖန်တီးလိုက်ပြီး မော်ဒန်ဖြစ်သွားတာပိုကောင်းပါတယ်။ ဆရာဦးတင်မိုးတို့ဆို သူ့စိတ်လေးနဲ့ ရေးလိုက်တာပဲ ။ ဒီနေ့ထိခေတ်မှီနေတုန်း။ အဲ့ဒါတွေရှိတယ်နော် ။

မေး။ ဆရာ့ရဲ့ ပန်းချီပညာမှာ လက်ဦိးဆရာတွေက ဘယ်သူတွေဖြစ်မလဲ ။

ဖြေ။ လက်ဦိးဆရာကတော့ ဆရာဦးဇော်ဝင်း မန္တလေးကပေါ့ ။ အခြေခံပန်းချီသင်တာ ပထမနှစ်ပေါ ။ ဒုတိယနဲ့ တတိယနှစ်သင်တာ ဆရာဦးကျော်လေး သူကတော့ ဆုံးသွားပြီ။

မေး ။ နောက်တစ်ခုကတော့ ပြည်တွင်းပြည်ပ လေးစားအတုယူရတဲ့ပညာရှင်တွေရှိရင်ပြောပြပေးပါဦး ။

ဖြေ။ အများကြီးပဲ ဗင့်ဆင့်ဗန်ဂိုးတို့ အစောပိုင်းကြိုက်တာတော့ ပီကာဆို ၊  ပြည်တွင်းမှာတော့နည်းပါတယ်။

မေး ။ ခုခေတ်လူငယ်တွေ ပန်းချီဆွဲရင် ပေါ်ပင်တွေ ဆွဲကြတဲ့အပေါ်ဆရာ့အမြင်လေးသိပါရစေ။

ဖြေ။ သူတို့က သူများကြိုက်အောင်ရေးတာ ပေါ်ပင်လိုက်တယ်လို့ခေါ်တာပေါ့နော်။ အဲ့ ဒီဟာတွေက လွဲကုန်တာ ။ အမှန်ကိုကြိုက်တာ ကိုယ်ရေးရမှာလေ ။

မေး ။ဆရာက ပန်းချီလောကမှာ ဖြတ်သန်းလာခဲ့တာနှစ်တွေလဲကြာခဲ့ပြီ တပည့်တွေလဲ မွေးထုတ်ခဲ့ ပြီးပြီဆိုတော့ ဝါသနာ ပါတဲ့လူငယ်တွေကို ဘာများပြောချင်ပါသလဲ ။

ဖြေ။ အဲဒါက ၂မျိုးရှိတယ် ။တချို ့ကဝါသနာပါလို့ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဆက်ရေးတယ် ။ တချို့ကြ ဝါသနာမပါဘဲ လွယ်လို့ရေးလိုက်တယ် ။ အဲတော့ကြာတော့ ပျောက်သွားတယ် ။ အနုပညာဆိုတာ ဝါသနာမပါဘဲ လုပ်ရင် ပျင်းသွားတယ် ။ အဲ့ဒီတော့ လူငယ်တွေပြန်စဉ်းစားရမယ် ။ တကယ်ဝါသနာပါလားပေါ့ ဘာလို့ဆို အနုပညာထဲမှာ ပန်းချီက တော်တော်ပျင်းစရာကောင်းတဲ့အလုပ် ။

မေး ။ ဟုတ်ကဲ့ပါ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ဆရာ့ကို Mizzima TV ကိုယ်စား ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

ဖြေ။  ဟုတ်ကဲ့ကျွန်တော်ကလဲ Mizzima TV အဖွဲ့ ကို ကျေးဇူးအထူးတင်ပါတယ် ။

အပိုင်း ( ၁)ကို အောက်ပါလင့်တွင် ကြည့်ရှုနိုင်ပါသည်။ http://www.mizzimaburmese.com/article/27886

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly