Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ

Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မော်ဒယ် ခင်ကိုကို ရွေးချယ်ခံရ

ရန်ကုန် ၊ ဇွန် ၉ ။           ။ တောင်ကိုးရီးယားနိုင်ငံတွင် ဇွန်လ ၈ရက်၌ ကျင်းပ ပြုလုပ်ခဲ့သည့် Luxury Brand Model 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မော်ဒယ် ခင်ကိုကို မှ 1st runner up အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

Luxury Brand Model 2017 ဆုကို ဗီယက်နမ်နိုင်ငံ မှ Jenny Le Nguyen မှ ဆွတ်ခူး ရရှိခဲ့ပြီး 1st runner up ကို ရုရှားနိုင်ငံမှ အလှမယ် နှင့် မြန်မာနိုင်ငံမှ ခင်ကိုကို တို့က ရရှိခဲ့ပြီး 2nd runner up ကို USA မှ ဆွတ်ခူး ရရှိခဲ့ သည်။ ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ကချင်အဆိုတော် ဂျက်ဆန်ထွန်း နှင့် စင်္ကာနိုင်ငံတွင် နေထိုင်သည့် ခင်ကိုကို တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာတွင် ခင်ကိုကိုမှ 1st runner up အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။

မော်ဒယ် ခင်ကိုကို သည် စင်္ကာပူ နိုင်ငံတွင် Professional Model တစ်ဦး အနေဖြင့် ရပ်တည်နေသူ တစ်ဦး ဖြစ်ပြီး Singapore Dream Top Model Season2 တွင် မြန်မာနိုင်ငံ ကိုယ်စားပြု မော်ဒယ် တစ်ဦး အနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ 2nd runner up နှင့် Best Fashion Award ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သည်။

ထိုပြိုင်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ဇွန်လ ၄ရက် မှ ၉ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကာ ပြိုင်ပွဲဝင်များမှ National Costume ၊ Talent Show ၊ Evening Gown တို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

ဒီ ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် လင်းနေ ၊ မျိုးဇော် ၊ ဇွန်သံစဉ် တို့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ဇွန်သံစဉ်မှ Winner အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အိသန္တာထွန်း ၊ ဝေနှင်းလွင်ထွန်း ၊ အောင်ကြည်အေး ၊ ရဲရင့်မောင်မောင် တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ဝေနှင်းလွင်ထွန်း က  Photogenic ဆုကို ရရှိခဲ့သည်။

Luxury Brand Model ပြိုင်ပွဲသည် တခြား အလှမယ် ပြိုင်ပွဲများနှင့် မတူဘဲ နိုင်ငံတကာမှ Model Art University ၊ College ၊ Agency School ကျောင်းဆင်းများမှ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲ တစ်ခု ဖြစ်ကာ ပြိုင်ပွဲဝင် ၄၀ကျော် ဝင်ရောက် ယှဉ်ပြိုင်သည့် ပွဲတစ်ခုလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly